အံ့ဖွယ်စာသင်ကျောင်း

April 28, 2017

လက်နှစ်ဘက်လုံး အသုံးပြု စာရေးရသည့် အိန္ဒိယမှ အံ့ဖွယ်စာသင်ကျောင်း (ရုပ်သံ)

အိန္ဒိယနိုင်ငံ စာသင်ကျောင်းတကျောင်းမှာ တက်ရောက်ကြတဲ့ ကလေးတွေဟာ လက် ၂ ဘက်စလုံးကို အသုံးပြုပြီး စာရေးကြရပါတယ်။ ဒီလိုရေးဖို့ ကျောင်းရဲ့ခေါင်းဆောင် ဆရာက အင်တိုက်အားတိုက် စိတ်နှစ်တိုက်တွန်းတာဖြစ်ပြီး ဒါဟာ တချိန်တည်း၊ တပြိုင်တည်းမှာ အလုပ် ၂ ခုလုံးကိုတောင် လုပ်နိုင်တဲ့ အခြေအနေပါပဲ။ ဦးရေအလိုက် အချိုးချကြည့်မယ်ဆိုရင် ဘယ်သန်တွေက ၁၀ ရာခိုင်နှုန်းလောက်ရှိပြီး လက် ၂ ဘက်စလုံး အသုံးပြု ရေးနိုင်သူတွေကတော့ ၁ ရာခိုင်နှုန်းသာ ရှိနေတာပါ။ ဒါပေမယ့် ဗီနာဗဲန်ဒီနီစာသင်ကျောင်းက ကျောင်းသားကျောင်းသူ ၃၀၀ စလုံးကတော့ လက် ၂ ဘက်စလုံး အသုံးပြု စာရေးနိုင်ရုံအပြင် တချို့ကတော့ ဘာသာစကားမျိုးစုံကိုတောင် အသုံးပြုနိုင်ကြတာကို တွေ့ရပါတယ်။ အချိန် ၄၅ မိနစ်ကြာတဲ့ စာသင်ချိန်တချိန်မှာ လက် ၂ ဘက်စလုံးအသုံးပြု စာရေးလေ့ကျင့်ရတဲ့ သင်ခန်းစာ သင်ကြားချိန် ၁၅ မိနစ်ကို ထည့်သွင်းထားတာပါ။ ကျောင်းတည်ထောင်သူနဲ့ အုပ်ချုပ်သူတဦးဖြစ်တဲ့ ရှာမာဟာ စစ်မှုထမ်းဟောင်းတဦး ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးသမ္မတဟာ လက် ၂ ဘက်စလုံး အသုံးပြု စာရေးနိုင်တာကို အားကျစိတ်နဲ့ ခုလိုသင်ကြားပေးဖြစ်တာလို့ ဆိုပါတယ်။ “ကျနော် သမ္မတကြီး ရာဂျန်ဒရာ ပရာဆက်ဒ်ရဲ့ လက် ၂ ဘက်စလုံးအသုံးပြုပြီး စာရေးတဲ့ အကြောင်းပါတဲ့ မဂ္ဂဇင်းတအုပ်ကို ဖတ်ခဲ့ဖူးတယ်။ ဒါက ကျနော့်ကို ကြိုးစားကြည့်ဖို့ အားကျစိတ် ဖြစ်စေတယ်။ နောက်ပိုင်းမှာတော့ ကျနော့်မွေးရပ် ဇာတိရွာမှာ ကျောင်းထောင်ပြီး ခုလို သင်ပေးဖြစ်ခဲ့တာပါ။” သူ့ရဲ့ကျောင်းမှာ ၁ တန်းကနေ စတင်ပြီး ခုလို လက် ၂ ဘက်အသုံးပြု စာရေးတာကို စသင်ရတာဖြစ်ပြီး တချိန်တည်းမှာ ၃ တန်းထိလည်း ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ ၇ တန်း၊ ၈ တန်းလောက် ရောက်ပြီဆိုရင်တော့ ကလေးတွေဟာ လက် ၂ ဘက်စလုံး အသုံးပြုပြီး တိတိကျကျနဲ့ မြန်မြန်ဆန်ဆန် ရေးနိုင်နေပြီလို့ ပြောပါတယ်။ ဒီကျောင်းကို ၁၉၉၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး မက်ဒရာ ပရာဒေ့ရှ်ဒေသမှာ ဖွင့်လှစ်ထားတာပါ။
4 years Ago
Up