အံဒင်ကျေးရွာ

A d v e r t i s e m e n t With Us

November 14, 2020

ရေးမြို့၊ အံဒင်ကျေးရွာရှိ NLD ပါတီရုံး ဆိုင်းဘုတ် ဖျက်ဆီးခံရ 

မွန်ပြည်နယ်၊ ရေးမြို့၊ အံဒင်ကျေးရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးဆိုင်းဘုတ် နိုဝင်ဘာ ၁၂ ရက်နေ့ညက  ဖျက်ဆီးခံရတယ်လို့ ရေးမြို့နယ် အမှတ်(၇) မဲဆန္ဒနယ်မှာ အမျိုးသားလွှတ်တော်ကိုယ်စလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဒေါ်အိအိက ပြောပါတယ်။ “မနေ့ညက အံဒင်ကျေးရွာက ပါတီရုံး ဆိုင်းဘုတ်ကို ဖျက်ဆီးသွားတယ်။ ရွေးကောက်ပွဲပြီးသွားပေမယ့် အခုလိုမျိုး ဖျက်ဆီးတာတွေက ရှိနေပါသေးတယ်။” ရေးမြို့နယ်မှာ မဲဆွယ်ကာလအတွင်းမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တွေနဲ့ ဗီနိုင်းတွေ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ Photo - Eant Hmu Ma Har / MPA
3 months Ago
Up