အဲအေးရှားလေယာဉ်

December 2, 2015

လေယာဉ်အစိတ်အပိုင်း လုပ်ဆောင်မှု မှားသည့်အတွက် အဲအေးရှားလေယာဉ် ပျက်ကျ

အရင်နှစ် ဒီဇင်ဘာက အဲအေးရှား လေယာဉ် ပျက်ကျသွားတာဟာ လေယာဉ်အစိတ်အပိုင်း လုပ်ဆောင်မှု မှားယွင်းတဲ့အတွက် ဖြစ်တယ်လို့ ဒီဇင်ဘာ ၁ ရက်နေ့မှာ အင်ဒိုနီးရှားက ထုတ်ပြန်ပါတယ်။ ဆူရာဘာရာကနေ စင်ကာပူကို ထွက်ခွာလာတဲ့ QZ 8501 အဲအေးရှား လေကြောင်းလိုင်းဟာ ဂျာဗားပင်လယ်မှာ ပျက်ကျသွားပြီး ခရီးသည် ၁၆၂ ဦး သေဆုံးသွားခဲ့ပါတယ်။ လေယာဉ်ပျံသန်းနေစဉ်မှာ ပဲထိန်းတဲ့စနစ်က ၄ ကြိမ်လောက် လုပ်ဆောင်ပုံ မှားယွင်းသွားတယ်လို့ ဆိုပါတယ်။ လေယာဉ်မှူးတွေက အကောင်းဆုံး တုံ့ပြန်ခဲ့ပေမယ့်လည်း ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ အစောပိုင်းက ရာသီဥတု ဆိုးဝါးတဲ့အတွက် ပျက်ကျသွားတယ်လို့ စုံစမ်းစစ်ဆေးတဲ့သူတွေက ပြောဆိုခဲ့ပေမယ့် ဒါဟာ သက်ဆိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံရေး ကော်မတီက တနှစ်ကြာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီး အစီရင်ခံစာကို ထုတ်ပြန်တာ ဖြစ်ပါတယ်။
6 years Ago
Up