အဲလ်ဗက်စ်

July 16, 2019

ဘရာဇီးအသင်းခေါင်းဆောင် အဲလ်ဗက်စ်ကို ခေါ်ယူရန် ပရီးမီးယားလိဂ်အသင်းများ ကြိုးပမ်း

ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ ဘရာဇီး အသင်းခေါင်းဆောင် ဒန်နီအဲလ်ဗက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ အသက် ၃၆ နှစ်ရှိ နောက်ခံလူ အဲလ်ဗက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့ပြီး စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမယ့် အဲလ်ဗက်စ်ကို မန်စီးတီး၊ အာဆင်နယ်နဲ့ စပါးအသင်းတွေက ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းတော့မယ်လို့ သိရပါတယ်။ အဲလ်ဗက်စ်ဟာ အသက် ၃၆ နှစ်ရှိပြီ ဖြစ်ပေမယ့်လည်း ကိုပါအမေရိကဖလားမှာ ဘရာဇီးအသင်းနဲ့အတူ ချန်ပီယံဆုဖလားရအောင် ဦးဆောင်ကစားခဲ့တာကြောင့် ပရီးမီးယားလိဂ် ကလပ်တွေက မျက်စိကျနေကြပါတယ်။
2 years Ago

May 13, 2018

ဘရာဇီးလ်နောက်ခံလူ အဲလ်ဗက်စ် ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား လွဲချော်

ပီအက်စ်ဂျီအသင်းရဲ့ဘရာဇီးလ်နောက်ခံလူ ဒယ်နီယယ်အဲလ်ဗက်စ်ဟာ ဒူးဒဏ်ရာကြောင့် လာမယ့်ကမ္ဘာ့ဖလားကို လွဲချော်တော့မှာဖြစ်ပါတယ်။ အင်္ဂါနေ့က ဟာဘီယာကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားခဲ့တဲ့ ပြင်သစ်ဖလားဗိုလ်လုပွဲမှာ ဒူးဒဏ်ရာရခဲ့တာဖြစ်ပြီး ဒဏ်ရာပြင်းထန်တာကြောင့် ကမ္ဘာ့ဖလားနဲ့ လွဲချော်သွားတာပါ။ ဘရာဇီးလ်နည်းပြ တစ်တီအနေနဲ့ ဒယ်နီရယ် အဲလ်ဗက်စ် ဒဏ်ရာရသွားတာကြောင့် မန်စီးတီးနောက်ခံလူ ဒယ်နီလိုကို အစားထိုးရွေးချယ်ရဖို့ ရှိနေပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ အဲလ်ဗက်စ်ဟာ ဘရာဇီးလ်အသင်းအတွက် ၁၀၇ ပွဲအထိ ကစားထားပြီး ဒဏ်ရာရရှိသွားလို့ အသင်းကို အင်အားလျော့သွားဖွယ်ရှိနေပါတယ်။
3 years Ago
Up