အဲလိဇဘတ်ဘုရင်မကြီး

November 7, 2019

ရွေးကောက်ပွဲအတွက် ဗြိတိန်ဝန်ကြီးချုပ် စတင်မဲဆွယ်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ နိုဝင်ဘာလ ၆ ရက်နေ့က   အဲလိဇဘတ်ဘုရင်မကြီးထံ အခစားဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲကို တရားဝင်စတင်ပါတယ်။     ဝန်ကြီးချုပ်ဟာ ပါလီမန်ဖျက်သိမ်းရေးအတွက် ဘုရင်မကြီးရဲ့ခွင့်ပြုချက်ကို  တရားဝင်တောင်းခံဖို့ရာ ဘာကင်ဟမ်နန်းတော်ကို သွားရောက်ခဲ့ပြီးနောက် ဘာမင်ဟမ်မြို့မှာ  မဲဆွယ်ပွဲလုပ်ခဲ့ပါတယ်။ ဂျွန်ဆင်က ရွေးကောက်ပွဲမှာ  သူပြန်အရွေးခံရရင် ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်ရေး  ၃ နှစ်ကျော်ကြာ ကြန့်ကြာနေတဲ့ ဘရဲဆစ်သဘောတူညီချက်ကို ပါလီမန်ထောက်ခံအောင် ချက်ချင်းလုပ်မယ်၊ အဲဒီအတွက်  ဇန်နဝါရီလမှာ ဘရဲဇစ်ကိစ္စ ပြီးပြတ်ပြီး မရေရာတာတွေကို ကျော်လွှားနိုင်မယ်လို့ ပြောပါတယ်။   ဒီဇင်ဘာ ၁၂ ရက် ရွေးကောက်ပွဲအတွက မဲဆွယ်ပွဲအစမှာ ဂျွန်ဆင်ရဲ့ ကွန်ဆာဗေးတစ်ပါတီက  ပြိုင်ဘက်အတိုက်အခံ လေဘာပါတီထက် ၇ ရာခိုင်နှုန်းနဲ့ ၁၇ ရာခိုင်နှုန်းအကြား မဲအသာနဲ့ ဦးဆောင်နေတယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။ 
2 years Ago
Up