အဲလိဇဘက်

A d v e r t i s e m e n t With Us

December 26, 2020

ကိုယ်ကျိုးမကြည့်သည့်စိတ်ဓာတ်မွေးကြရန် ဗြိတိန်ဘုရင်မကြီးပြော

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်က ကိုယ်ကျိုးမကြည့်တဲ့စိတ်ဓာတ်မွေးကြဖို့ ဒီဇင်ဘာလ ၂၅ ရက်မှာ ခရစ္စမတ်သတင်းစကားပါးလိုက်ပါတယ်။  ကြိုတင်သွင်းယူထားတဲ့ ခရစ္စမတ်မိန့်ခွန်းမှာ ဘုရင်မကြီး အဲလိဇဘက်က သန်းချီတဲ့ ဗြိတိန်နိုင်ငံသားတွေဟာ  ဒီနှစ်မှာ  ခါတိုင်းလို မိသားစုစုံညီ အခမ်းအနားတွေ  မလုပ်နိုင်တာကို အသိအမှတ်ပြု ပြောဆိုခဲ့ပေမယ့် အနာဂတ်မှာ ဆုံတွေ့နိုင်မယ့် မျှော်လင့်ချက်တွေ ရှိတယ်လို့ ထပ်တလဲလဲ ပြောကြားခဲ့ပါတယ်။  "ကောင်းကင်မှာ ထွန်းလင်းနေတဲ့ ကြယ်အလင်းရောင်ဟာ သိုးထိန်းတွေနဲ့ ပညာရှိတွေကို ယေရှုမွေးဖွားရာ နေရာဆီလမ်းညွှန်ပေးတယ်လို့ သမ္မာကျမ်းစာက ဆိုတယ်။ ကိုယ်ကျိုးမကြည့်တဲ့ စိတ်ဓာတ်၊ ချစ်ခြင်းမေတ္တာနဲ့ မျှော်လင့်ချက်ဆိုတဲ့ ခရစ္စမတ်အလင်းရောင်ကို မိမိအနာဂတ်မှာ လမ်းညွှန်ခွင့်ပြုကြပါ" လို့  ဘုရင်မကြီး အဲလိဇဘက်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။  ဘုရင်မကြီးကိုယ်တိုင်လည်း အစဉ်အလာ ခရစ္စမတ်အခမ်းအနားတွေကို ရှောင်ရှားပြီး ဝင်ဆာရဲတိုက်မှာ ကြင်ရာတော် ဖိလစ်မင်းသားကြီးနဲ့အတူ ခရစ္စမတ်ကာလကို တိတ်တဆိတ် ကုန်ဆုံးနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 months Ago

June 14, 2020

ဗြိတိန်ဘုရင်မကြီး မွေးနေ့ စစ်ရေးပြအခမ်းအနားဖြင့် ကျင်းပ

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ဟာ သူ့ရဲ့တရားဝင် မွေးနေ့ကို ဇွန်လ ၁၃ ရက်မှာ ကျင်းပခဲ့ပါတယ်။ စစ်ရေးပြ အခမ်းအနားနဲ့ ကျင်းပပြီး ဝေလနယ်အစောင့်တပ်ရင်း အမှတ် ၁ က အိမ်ထောင်သည်တပ်ခွဲရဲ့ တီးဝိုင်းက သီချင်းတွေနဲ့ ဖျော်ဖြေခဲ့တဲ့အပြင် စစ်သည်တွေက သရုပ်ပြခဲ့ကြပါတယ်။  မတ်လနှောင်းပိုင်းကစပြီး ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားရေး အသွားအလာ ကန့်သတ်ထားတည်းက ပထမဆုံး တရားဝင် လူစုလူဝေးပွဲ ပေါ်လာခဲ့တာပါ။ အဲလိဇဘက်ဘုရင်မကြီး ပထမဆုံး တရားဝင် ပြည်သူ့ရှေ့ကို ထွက်လာတာလည်း ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားရေး လူချင်ခွာနေရမယ့် ကန့်သတ်ချက်တွေ ရှိတာ ကြောင့် အခမ်းအနားကို အစဉ်အလာပုံစံနဲ့ ကျင်းပမှာ မဟုတ်ဘူးလို့ ဘက်ကင်းဟမ် နန်းတော်က ကြေညာပါတယ်။  ကမ္ဘာ့အသက်အကြီးဆုံးနဲ့ သက်ရှိထင်ရှားရှိဆဲ မင်းမျိုးတွေထဲမှာ နန်းသက် အရှည်ဆုံး ဘုရင်မကြီး အဲလိဇဘက်ဟာ ၁၉၂၆ ခုနှစ် ဧပြီလ ၂၁ရက်မှာ မွေးခဲ့တာပါ။  အသက် ၂၅ နှစ်အရွယ် ၁၉၅၂ ခုနှစ်မှာ ဘုရင်မဖြစ်လာပြီး သူ့နန်းတက်တဲ့နေ့ကို တရားဝင် မွေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ သူဟာ ခုဆိုရင် နန်းသက် ၆၈ နှစ် အုပ်စိုးပြီးပါပြီ။ 
9 months Ago
Up