အဲလစ်စ်စပရင်းမြို့

May 6, 2020

ဩစတြေးလျနိုင်ငံ အဲလစ်စ်စပရင်းမြို့တွင် စင်ကာပူလေယာဉ်များ ရပ်နားထား

စင်ကာပူ လေကြောင်းလိုင်းက မသုံးဖြစ်တဲ့ A380 လေယာဉ်တွေကို သြစတြေးလျနိုင်ငံက ကန္တာရဖြစ်တဲ့ အဲလစ်စ်စပရင်းမြို့မှာ ရပ်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် တကမ္ဘာလုံး အသွားအလာ ကန့်သတ်ထားတဲ့အတွက် ဒီနေရာဟာ ဆစ်ခ်အဲရ်နဲ့ ဖီဂျီလေကြောင်းလိုင်းတွေက 737 MAX ဂျက်လေယာဉ်တွေ ရပ်နားရာ နေရာလည်း ဖြစ်ပါတယ်။ လေယာဉ်တွေ အမြောက်အမြား ရပ်ထားတဲ့ အဲလစ်စ်စပရင်း ဒေသဟာ ခြောက်သွေ့ပြီး ရေခိုးရေငွေ့နည်းတဲ့ ရာသီဥတု ရှိတာကြောင့် ပစ္စည်းတွေ မဆွေးမြည့်ဖို့ အကောင်းဆုံးနေရာလည်း ဖြစ်ပါတယ်။ “ဒါဟာ ကျနော်တို့အတွက် ကြီးကျယ်တဲ့ အခွင့်အလမ်းပဲ” လို့ အဲလစ်စပရင်းလေဆိပ် မန်နေဂျာက ပြောပါတယ်။ ဟောင်ကောင်၊ ဆိုးလ်၊ ဘာလင်နဲ့ ဗီယန်နာ အပါအဝင် တခြားလေဆိပ်ကြီးတွေသာမက အမေရိကန်က ဗစ်တာဗေလီ၊ ကာလီဖိုးနီးယား၊ မာရာနာနဲ့ အရီဇိုးနားပြည်နယ်တွေက အစဉ်အလာ ကန္တာရ လေယာဉ်ရပ်နားကွင်းတွေထဲမှာလည်း အလားတူ လေယာဉ်အုပ်လိုက် ရပ်ထားတယ်လို့ လေကြောင်း ခရီးစဉ်တွေကို ခြေရာခံလိုက်တဲ့ FlightRadar24 အင်တာနက်စာမျက်နှာက ဖော်ပြပါတယ်။
11 months Ago
Up