အဲလက်စ်တဲလက်စ်

November 16, 2020

မန်ယူနောက်တန်းလူ အဲလက်စ်တဲလက်စ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း ဒုတိယအကြိမ် စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အင်္ဂါနေ့မှာ ကစားမယ့် ဘရာဇီးအသင်းနဲ့ ဥရုဂွေးနဲ့ ပွဲစဉ်ကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် နောက်ခံလူဟာ အောက်တိုဘာလ ကုန်ပိုင်းမှာ ကိုဗစ်-၁၉ ပိုး တွေ့ခဲ့ရပြီး အကျိုးဆက်အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပွဲစဉ် ၄ ခုကို လွဲချော်ခဲ့ရပါတယ်။  တဲလက်စ်ဟာ ရောဂါပျောက်ကင်းသွားခဲ့တာကြောင့် ဘရာဇီးအသင်းရဲ့ လူစာရင်းမှာ ပါဝင်လာခဲ့ပြီး ဗင်နီဇွဲလားအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ သောကြာနေ့ပွဲစဉ်မှာ အ‌ရန်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဆေးစစ်မှုတွေအရ တဲလက်စ်ဟာ ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံထားရကြောင်း တွေ့ခဲ့ရတယ်လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ် CBF က ပြောပါတယ်။ ဒါပေမဲ့ ကစားသမားဟာ ဗိုင်းရပ်စ်ပိုးကို တခြားသူဆီ ပျံ့နှံ့စေနိုင်တဲ့အခြေအနေမှာ ရှိမနေတော့ဘူးလို့ CBF ကပြောပြီး ဘရာဇီး လူစာရင်းတစ်ခုလုံးကို တနင်္ဂနွေနေ့မှာ ဆေးစစ်ခဲ့တယ်လို့ ဆိုပါတယ်။  တဲလက်စ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်ဆိုရင် ဥရုဂွေးဘက်က ပိတ်ပင်တားမြစ်ချက်တွေကြောင့် သူ့အနေနဲ့ ဘရာဇီးအသင်းနဲ့အတူ သွားရောက်နိုင်မှာတော့ မဟုတ်ပါဘူး။ တဲလက်စ်ရဲ့ ကျန်းမာရေးအခြေအနေက ဘယ်နောက်ခံလူ ရှားပါးနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အခြေအနေကို ဆိုးရွားစေမှာ ဖြစ်ပါတယ်။ အသင်းရဲ့ ဘယ်နောက်ခံလူတစ်ဦး ဖြစ်တဲ့ လုခ်ရှောဟာ တံခေါက်ကြောဒဏ်ရာကြောင့် တစ်လနီးပါး အနားယူနေရတာ ဖြစ်ပါတယ်။ ဆိုးလ်ရှားရဲ့ မန်ယူနိုက်တက်အသင်းဟာ လာမယ့်စနေနေ့မှာ ဝက်စ်ဘရွန်းအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။ အဲဒီနောက် နိုဝင်ဘာ ၂၄ ရက်မှာ အစ္စတန်ဘူလ် ဘတ်ဆာဆီဟာအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာပါ။
6 months Ago

October 29, 2020

ယူနိုက်တက်နောက်ခံလူ တဲလက်စ် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရ

ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတာကြောင့် နောက်ခံလူ အဲလက်စ်တဲလက်စ်ဟာ ယူနိုက်တက်အသင်းရဲ့  နောက်ဆုံးပွဲစဉ် ၂ ခုကို လွဲချော်ခဲ့ရတာလို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။ တဲလက်စ်ဟာ ပွဲဦးထွက်ဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ချဲလ်ဆီးနဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲအပြင် လိုက်ပစ်ဇ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာပါ ပွဲထွက်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ ဒီအခြေအနေမှာ တဲလက်စ်ဘာလို့ ပါဝင်နိုင်ခြင်းမရှိလဲဆိုတာကို ဆိုးလ်ရှားက ရှင်းပြခဲ့ပါတယ်။   “တဲလက်စ်က ကိုရိုနာဗိုင်းရပ်စ် positive ဖြစ်ခဲ့တာပါ။ သူဟာ ရက်အနည်းငယ်ကြာ အသင်းနဲ့ ပူးပေါင်းနိုင်ဦးမှာမဟုတ်ပါဘူး။ ရောဂါလက္ခဏာလည်း ပြသခြင်းမရှိဘဲ အခြေအနေကောင်းပါတယ်။ သူမကြာခင် ပြန်လာနိုင်ပါမယ်” လို့ ဆိုးလ်ရှားကပြောပါတယ်။  တဲလက်စ်မတိုင်ခင် ပေါ့ဘာဟာလည်း စက်တင်ဘာလမှာ  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာကြောင့် နောက်ခံလူဟာ ယူနိုက်တက်အသင်းရဲ့ ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူဖြစ်ပါတယ်။  ပေါ့ဘာဟာ ဒီနေ့မနက်အစောပိုင်း ကစားခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ လိုက် ပစ်ဇ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပြီး ဆိုးလ်ရှားရဲ့ စိန်ပွင့်ပုံစံကွင်း လယ်အခင်းအကျင်းသစ်မှာ ခြေစွမ်းပြကစားသွားနိုင်ခဲ့ပါတယ်။     ဒီပွဲမှာ ယူနိုက်တက်အသင်းအတွက်တိုက်စစ်မှူးတွေဖြစ်တဲ့ ရက်ဖို့ဒ်၊ ဂရင်းဝုဒ်နဲ့ မာရှယ်တို့က ဂိုးတွေ သွင်းယူပေးခဲ့ပြီး လိုက်ပစ်ဇ်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
6 months Ago
More News
Up