အဲရစ်ခ်ဆင်

January 16, 2020

အင်တာမီလန်က  အဲရစ်ခ်ဆင်ကို ပေါင် ၈ သန်းခွဲဖြင့် ကမ်းလှမ်းသော်လည်း စပါးအသင်း လက်မခံ

အင်တာမီလန်အသင်းအနေနဲ့ ကွင်းလယ်ကစားသမား  အဲရစ်ခ်ဆင်ကို ပေါင် ၈ ဒသမ ၅သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် တော့တင်ဟမ်ဟော့စပါးအသင်းက ပယ်ချလိုက်ပါတယ်။   ဒါပေမယ့် အီတလီကလပ်ဘက်ကတော့ လက်မလျှော့သေးသလို နှစ်ဆတိုးပေးပြီး ပေါင်သန်း ၂၀ နဲ့ထပ်မံ ကမ်းလှမ်းမယ်လို့ ပြောပါတယ်။  အဲရစ်ခ်ဆင်ဟာ စပါးအသင်းနဲ့ လာမယ့်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကစားသမားဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမယ့်ကစားသမားလည်း ဖြစ်ပါတယ်။ စပါးနည်းပြမော်ရင်ဟိုကတော့ မစ်ဒယ်ဘရော့အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ  အဲရစ်ခ်ဆင်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ ချီးကျူးပြောဆိုထားသလို အဲရစ်ဆင်ဟာ အသင်းကနေ ထွက်ခွာချိန်ကျရင် ခေါင်းမော့ပြီးထွက်သွားလိုတဲ့ သဘောမှာရှိနေပြီးတော့ ပရော်ဖက်ရှင်နယ်ပီသ စွာ အကောင်းဆုံးအသင်းအပေါ်မှာ ပေးဆပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ခ်ဆင်ကို မန်ယူနိုက်တက်၊ ရီးရဲမက်ဒရစ်နဲ့ ပီအက်စ်ဂျီ အသင်းတွေကလည်း စိတ်ဝင်စားနေပြီး အင်တာမီလန်အသင်းက အတိအလင်း ကမ်းလှမ်းထားခဲ့တာ ဖြစ်ပါတယ်။
1 year Ago

September 29, 2019

စပါးကွင်းလယ်လူ အဲရစ်ခ်ဆင်ကို ခေါ်ပေးရန် ဆိုးလ်ရှား တောင်းဆို

အသင်းကနေ ထွက်ခွာချင်နေတဲ့ စပါး ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ခ်ဆင်ကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ခေါ်ယူပေးဖို့အတွက် နည်းပြ အိုလီဂန်နာဆိုးလ်ရှားက အမှုဆောင်အရာရှိချုပ် အက်ဒ်ဝတ်ဝုဒ်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။  ယူနိုက်တက်ဟာ ကွင်းလယ်မှာ ပေါလ်ပေါ့ဘာရဲ့ ဒဏ်ရာအခြေအနေတွေကြောင့်အပြင် အရည်အသွေးမီတဲ့ ကစားသမား ရှားပါးနေတာကို ဖြေရှင်းဖို့ အဲရစ်ခ်ဆင်ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။  အဲရစ်ခ်ဆင်ကတော့ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ အတူတက်ရောက်နိုင်ခဲ့တဲ့ အသင်းကို စွန့်ခွာချင်နေပြီးတော့ ရာသီကုန်မှာလည်း အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။  ဒိန်းမတ် လက်ရွေးစင်ကို ခေါ်ယူဖို့ စပိန်ထိပ်သီး ရီးရဲမက်ဒရစ်အသင်းက ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့် အတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။  အဲရစ်ခ်ဆင်ဟာ အခုရာသီအစ ပွဲစဉ်တွေမှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးတော့ စပါးအသင်းရဲ့ လက်တလော ရလဒ်ဆိုးရွားနေမှုကိုလည်း စိတ်ပျက်နေတဲ့ သဘောမှာ ရှိနေပါတယ်။ ~~~~~~~~~~~~~~~~~~~~ Zawgyi_version စပါးကြင္းလယ္လူ အဲရစ္ခ္ဆင္ကို ေခၚေပးရန္ ဆိုးလ္ရွား ေတာင္းဆို အသင္းကေန ထြက္ခြာခ်င္ေနတဲ့ စပါး ကြင္းလယ္ကစားသမား ခရစၥတီယန္အဲရစ္ခ္ဆင္ကို လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာ ေခၚယူေပးဖို႔အတြက္ နည္းျပ အိုလီဂန္နာဆိုးလ္ရွားက အမႈေဆာင္အရာရွိခ်ဳပ္ အက္ဒ္ဝတ္ဝုဒ္ကို ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။ ယူႏိုက္တက္ဟာ ကြင္းလယ္မွာ ေပါလ္ေပါ့ဘာရဲ႕ ဒဏ္ရာအေျခအေနေတြေၾကာင့္အျပင္ အရည္အေသြးမီတဲ့ ကစားသမား ရွားပါးေနတာကို ေျဖရွင္းဖို႔ အဲရစ္ခ္ဆင္ကို ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာလည္း ျဖစ္ပါတယ္။ အဲရစ္ခ္ဆင္ကေတာ့ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲထိ အတူတက္ေရာက္ႏိုင္ခဲ့တဲ့ အသင္းကို စြန႔္ခြာခ်င္ေနၿပီးေတာ့ ရာသီကုန္မွာလည္း အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။ ဒိန္းမတ္ လက္ေ႐ြးစင္ကို ေခၚယူဖို႔ စပိန္ထိပ္သီး ရီးရဲမက္ဒရစ္အသင္းက ႀကိဳးပမ္းမႈေတြ ရွိခဲ့ေပမယ့္ အတည္ျပဳႏိုင္ျခင္း မရွိခဲ့ပါဘူး။ အဲရစ္ခ္ဆင္ဟာ အခုရာသီအစ ပြဲစဥ္ေတြမွာ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရၿပီးေတာ့ စပါးအသင္းရဲ႕ လက္တေလာ ရလဒ္ဆိုး႐ြားေနမႈကိုလည္း စိတ္ပ်က္ေနတဲ့ သေဘာမွာ ရွိေနပါတယ္။
2 years Ago
Up