အဲရစ်ချောင်ပိုမော့တင်း

September 3, 2018

စတုတ်တိုက်စစ်မှူး အဲရစ်ချောင်ပိုမော့တင်းကို ပီအက်စ်ဂျီ ခေါ်ယူ

ပီအက်စ်ဂျီအသင်းဟာ စတုတ်စီးတီးအသင်းရဲ့ ကင်မရွန်းလက်ရွေးစင် တိုက်စစ်မှူး အဲရစ်ချောင်ပိုမော့တင်းကို အပြောင်းအရွှေ့မပိတ်မီ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ အဲရစ်ဟာ စတုတ်စီးတီးအသင်းအတွက် ၃၂ ပွဲကစားပြီး ၅ ဂိုးသာ သွင်းယူခဲ့ပေမယ့် ပြင်သစ်ထိပ်သီးက ပေါင် ၁၃ ဒသမ ၅ သန်းနဲ့ ၂ နှစ်စာချုပ် ချုပ် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အဲရစ်အနေနဲ့ စတုတ်စီးတီးအသင်းဟာ တန်းဆင်းခဲ့ရပြီးတဲ့နောက် တပွဲမှ မကစားရသေးဘဲ ကံကောင်းစွာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ အသင်းကို ပြောင်းရွှေ့နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် အပြောင်းအရွှေ့တခုအဖြစ် ပြင်သစ်တိုက်စစ်မှူး မိုဆာဒမ်ဘီလီကိုလည်း လိုင်ယွန်အသင်းက ၂၂ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒမ်ဘီလီဟာ ၉၄ ပွဲမှာ ၅၁ ဂိုးထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်သာ ရှိသေးတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့အတွက် နှစ်ရက်တိုင်တိုင် နေ့ည ကြိုးပမ်းခဲ့ရတယ်လို့ လိုင်ယွန်အသင်းဥက္ကဋ္ဌ ဂျင်းန်မိုက်ကယ်အောလက်စ်က ပြောကြားခဲ့ပါတယ်။
3 years Ago
Up