အဲဗာတန်အသင်းကို တာဝန်ယူဖို့ ဆွေးနွေးခဲ့ဖူးတယ်လို့ အာဆင်နယ်နည်းပြဟောင်း အမ်မရီက ပြောပါတယ်။
အဲဗာတန်အသင်းဟာ နည်းပြ မာကိုဆေးလ်ဗားကို ရာထူးကနေထုတ်ပယ်လိုက်ပြီးနောက် နည်းပြသစ်တဦး ရှာဖွေနေချိန်မှာ နည်းပြအမ်မရီဟာလည်း အာဆင်နယ်နဲ့ လမ်းခွဲခဲ့ရတာ ဖြစ်ပါတယ်။
အမ်မရီဟာ အဲဗာတန်နည်းပြရာထူးနဲ့ပတ်သက်ပြီး အဲဗာတန်အသင်းတာဝန်ရှိသူတွေနဲ့ အချိန်သုံးနာရီ လောက် အင်တာဗျူးခဲ့တဲ့အကြောင်း စပိန်ရေဒီယို Cadena Ser နဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောပြခဲ့တာပါ။
အဲဗာတန်အသင်းက မိမိကိုခေါ်ယူဖို့စိတ်ဝင်စားခဲ့ပြီး တာဝန်ယူဖို့စဉ်းစားခဲ့ကြောင်း၊ ၃ နာရီလောက် ဆွေးနွေးခဲ့ကြပြီး အဲဗာတန်အသင်းဟာ မိမိ ပီအက်စ်ဂျီအသင်းကို ပြောင်းသွားခဲ့တဲ့ အချိန်ကတည်းက ခေါ်ယူချင်ခဲ့တာလို့ အမ်မရီကပြောပါတယ်။
ဒါပေမယ့် အဆုံးသတ်မှာတော့ အဲဗာတန်အသင်းက အမ်မရီနဲ့ အဆင်မပြေခဲ့လို့ လက်ရှိနည်းပြအန်စလော့တီကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
စပိန်မြေကိုပြန်ချင်ပေမယ့် ဘယ်အသင်းကို ကိုင်တွယ်မလဲဆိုတာကတော့ မဆုံးဖြတ်ရသေးဘူးလို့ အမ်မရီက ဆိုပါတယ်။
1 year Ago