အဲဗာတန်အသင်

A d v e r t i s e m e n t With Us

December 22, 2019

ဆုဖလားအရယူရန် အဲဗာတန်အသင်းကို ပြောင်းခြင်းဖြစ်ဟု နည်းပြသစ်ပြော

ဆုဖလားတွေ ရယူနိုင်ဖို့ ရည်မှန်းချက်နဲ့ အဲဗာတန်အသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်တယ်လို့ နည်းပြသစ် အန်စလော့တီက ပြောပါတယ်။  အန်စလော့တီဟာ အဲဗာတန်က အာဆင်နယ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်ကို ပွဲကြည့်စင်က နေ ကြည့်ရှုခဲ့ပါတယ်။ အဲဗာတန်အသင်းက ကြီးကျယ်ခမ်းနားတဲ့အသင်းဖြစ်ပြီး ကြွယ်ဝတဲ့ သမိုင်းအစဉ်အလာ လည်းရှိကြောင်း၊ ချစ်မြတ်နိုးစရာကောင်းတဲ့ ပရိသတ်တွေရှိသလို အသင်းပိုင်ရှင်နဲ့ ဘုတ်အဖွဲ့က ဆုဖလားတွေရယူပြီး အောင်မြင်မှုရဖို့ဆိုတဲ့ ရှင်းလင်းတဲ့ ရည်မှန်းချက်လည်း ရှိတာကြောင့် နည်းပြ ချုပ်အဖြစ် တာဝန်ယူခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။  အေစီမီလန်၊ ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ် စတဲ့ ထိပ်တန်းအသင်းတွေကို နည်းပြခဲ့တဲ့ အန်စလော့တီဟာ အမှတ်ပေးလိဂ်ဖလား ၄ ကြိမ်၊ ပြည်တွင်း ရှုံးထွက်ဖလား ၇ ကြိမ်၊ ဥရောပဖလား ၇ လုံးနဲ့ ဖီဖာကလပ် ချန်ပီယံဆု ၂ ကြိမ် ရယူနိုင်ခဲ့ဖူးတဲ့နည်းပြ ဖြစ်ပါတယ်။
1 year Ago
Up