မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား တတိယအဆင့်မှာပဲ လက်စတာအသင်းက အဲဗာတန်ကို အဝေးကွင်းမှာ ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ အိမ်ရှင် အဲဗာတန်က ၆၃ မိနစ်မှာ တိုက်စစ်မှူး လူကာကူ သွင်းတဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် နောက်ထပ် ၃ မိနစ်အကြာမှာ လက်စတာအတွက် ချေပဂိုးကို လူစားဝင်လာတဲ့ မူဆာက သွင်းယူပါတယ်။
လက်စတာဟာ အဓိက ကစားသမားတချို့ကို အာဖရိကဖလားပြိုင်ပွဲအတွက် စေလွှတ်ထားရပြီး သူတို့ မပါဘဲနဲ့ ယှဉ်ပြိုင်သွားရတာပါ။
ဒီပွဲမှာ အဲဗာတန်က ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။
လက်စတာအတွက် အနိုင်ဂိုးကို မူဆာကပဲ ၇၁ မိနစ်မှာ သွင်းယူပြီး အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်ရောက်သွားပါတယ်။
6 years Ago