မန်ချက်စတာစီးတီးအသင်းက အဲဗာတန်း နောက်တန်းကစားသမား ဂျွန်စတုန်းစ်ကို ခေါ်ယူဖို့ ပြောဆို ညှိနှိုင်းနေပါတယ်။
လောလောဆယ် သဘောတူညီချက် မရသေးပေမယ့် ပြေလည်သွားမယ့် အနေအထားမှာ ရှိနေတယ်လို့ ဗြိတိသျှမီဒီယာတွေက ခန့်မှန်းနေပါတယ်။
အဲဗာတန်အသင်းက အသက် ၂၂ နှစ်အရွယ် နောက်တန်းကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၅၀ သတ်မှတ်ထားတာပါ။
ပြီးခဲ့တဲ့ရာသီတုန်းကလည်း ချဲလ်ဆီးက ဂျွန်စတုန်းစ်ကို ခေါ်ယူဖို့ နီးစပ်ခဲ့ဖူးပါတယ်။
နောက်တန်းလူ စတုန်းစ်ဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်ကို ကိုယ်စားပြုပြီး ကစားခဲ့ပါတယ်။
7 years Ago