အဲဗာတန် ခေါ်ယူ

January 6, 2017

ချာတန် လူငယ်ကစားသမား လွတ်မန်းကို ပေါင် ၁၁ သန်းဖြင့် အဲဗာတန် ခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းက ချာလ်တန်အသင်းရဲ့ ဆယ်ကျော်သက် တိုက်စစ်မှူး အဒယ်မိုလာ လွတ်မန်းကို ပေါင် ၁၁ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှူး လွတ်မန်းက ၄ နှစ်ခွဲစာချုပ်နဲ့ အဲဗာတန်ကို ရောက်ရှိလာတာပါ။ အင်္ဂလန် ယူ ၂၀ ကစားသမားဟာ လက်ရွေးစင် အသင်းအတွက် ၂၅ ပွဲ ကစားထားပြီး ၇ ဂိုး သွင်းပေးထားပါတယ်။ အဲဗာတန် နည်းပြ ကိုးလ်မန်းကတော့ သူက ပါရမီရှိတဲ့ ကစားသမား တယောက်ဖြစ်ပြီး အသင်းအတွက် ခေါ်ယူနိုင်လို့ ၀မ်းသာကြောင်း ပြောပါတယ်။
5 years Ago
Up