အဲဗာတန် - မန်စီးတီး

January 7, 2016

အဲဗာတန်က မန်စီးတီးကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ဇန်န၀ါရီ ၆ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ အဲဗာတန်က မန်စီးတီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အိမ်ရှင် အဲဗာတန်အတွက် ဦးဆောင်ဂိုးကို ၄၅ မိနစ်မှာ မိုရီက သွင်းယူပါတယ်။ မန်စီးတီးအတွက် ချေပဂိုးကို ၇၆ မိနစ်မှာ နာဗက်စ်က သွင်းယူပါတယ်။ မန်စီးတီး တိုက်စစ်မှူး အက်ဂူရို ဒီပွဲမှာ ပါဝင်ကစားသွားပေမယ့် ဂိုးသွင်းနိုင်ခြင်းတော့ မရှိပါဘူး။ ဒီပွဲမှာ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှုနဲ့ ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရခဲ့ပါတယ်။ အဲဗာတန်အတွက် အနိုင်ဂိုးကို တိုက်စစ်မှူး လူကာကူက ၇၈ မိနစ်မှာ သွင်းယူပါတယ်။ ဒီဂိုးဟာ လူကာကူအတွက် ဒီနှစ်ရာသီထဲမှာ အဲဗာတန်အတွက် ၁၉ ဂိုးမြောက် သွင်းယူနိုင်တာ ဖြစ်ပါတယ်။ အဲဗာတန် ကွင်းလယ်သမား ဘာရီ ခြေစွမ်းပြနိုင်လို့ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။ ဒီပွဲနိုင်လို့ အဲဗာတန် တပန်းသာသွားပြီး ဒုတိယအကျော့ လိဂ်ဖလား ဆီမီးဖိုင်နယ်ကို မန်စီးတီးကွင်းမှာ ထပ်မံယှဉ်ပြိုင်ရဦးမှာပါ။
7 years Ago
Up