အဲဗာတန် ၃ ဂိုးပြတ်ဖြင့် နယူးကာဆယ်ကို အနိုင်ရ

February 4, 2016

အဲဗာတန် ၃ ဂိုးပြတ်ဖြင့် နယူးကာဆယ်ကို အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၃ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်က နယူးကာဆယ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ အဲဗာတန်အတွက်တော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာနောက်ပိုင်း အိမ်ကွင်းမှာ ပထမဆုံး နိုင်ပွဲရတာ ဖြစ်ပါတယ်။ အဲဗာတန်အတွက် ဦးဆောင်ဂိုးကို ၂၃ မိနစ်မှာ လန်နွန်က သွင်းယူပါတယ်။ နယူးကာဆယ်အသင်းက တဘက် အဲဗာတန်အသင်းဘက်ကို ထိထိရောက်ရောက် မထိုးဖောက်နိုင်ဘဲ ရှိခဲ့ပါတယ်။ အဲဗာတန်အတွက် ဒုတိယဂိုးကို ၈၈ မိနစ်မှာ ဘာကလေက ပင်နယ်တီကနေတဆင့် သွင်းယူပါတယ်။ ဒီပွဲမှာ ဘာကလေ ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ အချိန်ပို ၉၃ မိနစ်မှာ နယူးကာဆယ် ကစားသမားတဦး အထုတ်ခံရပြီး ပင်နယ်တီပါ ထပ်ပြီး အပေးခံလိုက်ရပါတယ်။ အဲဒီပင်နယ်တီကို ဘာကလေကပဲ သွင်းယူခဲ့လို့ ပွဲအပြီးမှာ အဲဗာတန်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲနိုင်တဲ့ အဲဗာတန်က ၃၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၁ နေရာကို တက်သွားပြီး နယူးကာဆယ်ကတော့ ၂၁ မှတ်နဲ့ တန်းဆင်းဇုန်ထဲက အဆင့် ၁၈ မှာ ရပ်တည်နေပါတယ်။
6 years Ago
Up