လိုင်ယွန်အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ အဲဗာတန်အသင်းခေါင်းဆောင် ဝီလျံနဲ့ အသင်းဟာ ယူအီးအက်ဖ်အေရဲ့ ပြစ်ဒဏ်ချမှတ်ခံရဖို့ သေချာသလောက်ရှိနေပါတယ်။
အဲဗာတန်အသင်းခေါင်းဆောင် ၀ီလျံဟာ လိုင်ယွန်ဂိုးသမားကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကအစပြုလို့ အချင်းများတဲ့ ဖြစ်ရပ်မှာ အဲဗာတန်အသင်းသားတွေအပြင် ပရိသတ်တွေကပါ ပါဝင်ခဲ့လို့ ယူအီးအက်ဖ်အေရဲ့ ပြစ်ဒဏ်ချမှတ်ခံရတော့မှာပဲဖြစ်ပါတယ်။
အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်အပြင် ယူရိုပါလိဂ်မှာပါ ရုန်းကန်နေရပြီး နိုင်ပွဲတွေ ပျောက်ဆုံးနေခဲ့ပါတယ်။
နည်းပြ ရော်နယ်ကိုးလ်မန်း ကိုင်တွယ်နေတဲ့ အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်မှာလည်း အဆင့် ၁၆ မှာ ရောက်ရှိနေခဲ့သလို ယူရိုပါလိဂ်မှာလည်း ၃ ပွဲကစားပြီး ရမှတ် ၁ မှတ်နဲ့ အမှတ်ပေးဇယားအောက်ဆုံးမှာ ရှိနေပါတယ်။
5 years Ago