အဲဗာတန်တွင် ကွင်းလယ်လူအဖြစ် ကစားရခြင်းသည် အမှန်ကန်ဆုံးဖြစ်ဟု ရွန်နီ ပြော

December 19, 2017

အဲဗာတန်တွင် ကွင်းလယ်လူအဖြစ် ကစားရခြင်းသည် အမှန်ကန်ဆုံးဖြစ်ဟု ရွန်နီ ပြော

အဲဗာတန်မှာ ကွင်းလယ်ကစားသမားအဖြစ် ကစားရတာဟာ မိမိကစားသမားဘဝရဲ့ အမှန်ကန်ဆုံးနေရာဖြစ်တယ်လို့ ဝိန်းရွန်နီက ပြောပါတယ်။ တိုက်စစ်မှူး ဝိန်းရွန်နီအနေနဲ့ အသင်းဟောင်း မန်ယူအသင်းမှာလည်း ကွင်းလယ်မှာ ကစားခဲ့ဖူးပေမယ့် လက်ရှိအချိန်မှာ ကစားရတာက အသင့်တော်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ မိမိအနေနဲ့ ပြိုင်ဘက်ဂိုးဧရိယာထဲကို ဆွဲဝင် ထိုးဖောက်နိုင်သလို ဧရိယာအပြင်မှာ ရှိနေတဲ့ အခါမှာလည်း အသင်းရဲ့ ကစားပုံကို ထိန်းချုပ်နိုင်တာကြောင့် အကောင်းဆုံး ကစားနိုင်တာဖြစ်တယ်လို့ ရွန်နီက ဆိုပါတယ်။ အသက် ၃၂ နှစ်ရှိ ရွန်နီဟာ ဒီနှစ်ဘောလုံးရာသီမှာ အဲဗာတန်အသင်းအတွက် ၁၁ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြနေပါတယ်။
3 years Ago
Up