စပါးအသင်းဟာ အဲဗာတန်အသင်းက အင်္ဂလန်ကွင်းလယ်ကစားသမား ဘာကလေကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အသက် ၂၃ နှစ်ရှိ ကွင်းလယ်တိုက်စစ်ကစားသမား ဘာကလေဟာ အဲဗာတန်အသင်းနဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိနေတာဖြစ်ပြီး စပါးအသင်းကခေါ်ယူဖို့ စောင့်ကြည့်နေတာပါ။
အဲဗာတန်အသင်းနည်းပြ ရော်နယ်ကိုးလ်မန်းကလည်း ဘာကလေရဲ့ ခြေစွမ်းနဲ့ပတ်သက်လို့ လူသိရှင်ကြား ဝေဖန်ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲမှာလည်း ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့တာကြောင့် ဘာကလေနဲ့ နည်းပြကြားမှာ အဆင်မပြေဖြစ်နေပါတယ်။
ဒီအခြေအနေကို စပါးအသင်းက အသုံးချပြီး ခေါ်ယူလိုနေတာဖြစ်ပြီး အဲဗာတန်အသင်းဘက်က အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းပေးမှ လက်လွှတ်ဖွယ်ရှိနေပါတယ်။
အဲဗာတန်အသင်းအနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘာကလေကို ရောင်းချခဲ့မယ်ဆိုရင် မန်ယူအသင်းမှာ နေရာမရဖြစ်နေတဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ရှနိုက်ဒါလင်နဲ့ အစားထိုး ခေါ်ယူသွားမယ်လို့ သိရပါတယ်။
6 years Ago