မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်က အဲဗာတန်အသင်းကို ဂိုးပြတ်အနိုင်ရရှိသွားပါတယ်။
အာဆင်နယ်အသင်းဟာ အဓိက တိုက်စစ်ကစားသမား ဆန်းချက်ဇ်၊ ဂျရူးနဲ့ ဝေါလ်ကော့တို့ကို လက်လွှတ်ထားခဲ့ရပေမယ့် အဲဗာတန်အသင်းကို အိမ်ကွင်းမှာ ၅-၁ ဂိုးနဲ့ ဂိုးပြတ်နိုင်ရရှိခဲ့တာပါ။
ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲမှာ ၁ ပွဲနိုင်၊ ၂ ပွဲရှုံးထားတဲ့ နည်းပြ အာစင်ဝင်ဂါးအတွက်လည်း စိတ်သက်သာရစေခဲ့တဲ့ ပွဲဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး အနိုင်ဂိုးတွေကိုတော့ ရမ်ဆေးတဦးတည်းက ၃ ဂိုး၊ ကိုဆက်စနီက ၁ ဂိုးနဲ့ အောဘာမီယန်က ၁ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။ အဲဗာတန်အသင်းအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ လီဝင်းက သွင်းယူခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ရမှတ် ၄၅ မှတ်နဲ့ အဆင့် ၆၊ အဲဗာတန်ကတော့ ၃၁ မှတ်နဲ့ အဆင့် ၁၀ မှတ် အသီးသီး ရပ်တည်နေပါတယ်။
3 years Ago