အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် အဲဗာတန်ကို ပေါင်သန်း ၂၀၀ နဲ့ ၀ယ်ယူဖို့ အမေရိကန်ပြည်ထောင်စုက လုပ်ငန်းရှင်အဖွဲ့နဲ့ ဆွေးနွေးနေပါတယ်။
ဆန်ဒီဂို ပါဒဲ့ ဘေ့စ်ဘောလ် အသင်းပိုင်ရှင်ဟောင်း ဂျွန်ဂျေမိုရေးစ်နဲ့ စီးပွားရေး လုပ်ကိုင်ဘက် ချားလ်နိုးတို့ ဦးဆောင်တဲ့အုပ်စုက အဲဗာတန်ပိုင်ရှင် ဘေးလ် ကန်ဝှိုက်နဲ့ စကားပြောဆိုနေပါတယ်။
လာမယ့်သီတင်းပတ်တွေအတွင်း အဲဗာတန် ရှယ်ယာတွေကို ရယူသွားဖို့လည်း ဒီအုပ်စုက ကြိုးစားသွားမှာ ဖြစ်ပါတယ်။
သဘောတူညီချက် ရရှိသွားရင်တော့ အမေရိကန်အုပ်စုက ကလပ်အသင်းကို ဦးဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အစောပိုင်းမှာ ဒီအုပ်စုက ဆွမ်ဆီးအသင်းကို ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေပါတယ်။
မိုရေးစ်နဲ့ နိုးတို့ဟာ နည်းပညာကုမ္ပဏီပိုင်ရှင်တွေဖြစ်သလို မိုရေးစ်က ဘီအမ်စီ ဆော့ဖ်ဝဲလ် ကုမ္ပဏီကို ထူထောင်ပြီး နိုးက ပူးတွဲတည်ထောင်သူလည်း ဖြစ်ပါတယ်။
အဲဗာတန်ပိုင်ရှင် ကန်ရိုက်ကလည်း ကလပ်အသင်းမှာ ရင်းနှီးမြှုပ်နှံမယ့်သူကို ဆယ်စုနှစ်တခုနီးပါး လိုက်လံရှာဖွေခဲ့ပါတယ်။
၁၉၉၉ ခုနှစ်မှာ ကန်ဝှိုက်က ပီတာဂျွန်ဆင်ထံကနေ အဲဗာတန်ကို ပေါင် သန်း ၂၀ နဲ့ ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။
7 years Ago