အဲဗာတန်ကို ဂိုးပြတ်အနိုင်ယူပြီး တန်းဆင်းဇုန်မှလွတ်သည့် ဆန်းဒါးလန်း

A d v e r t i s e m e n t With Us

May 12, 2016

အဲဗာတန်ကို ဂိုးပြတ်အနိုင်ယူပြီး တန်းဆင်းဇုန်မှလွတ်သည့် ဆန်းဒါးလန်း (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ်ပွဲကျန်ပွဲစဉ်အဖြစ် ဆန်းဒါးလန်းနဲ့ အဲဗာတန်တို့ မေလ ၁၁ ရက်ညက ယှဉ်ပြိုင်ရာ ဆန်းဒါးလန်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲအနိုင်ရမှ တန်းဆင်းဇုန်က လွတ်မယ့်အခြေအနေကြောင့် ဆန်းဒါးလန်းအသင်းဟာ ခြေကုန်ထုတ်ပြီး ယှဉ်ပြိုင်ကစားခဲ့တာပါ။ ဆန်းဒါးလန်းအသင်းဟာ အဲဗာတန်ကို အနိုင်ကစားနိုင်ခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်ခွင့်နဲ့ ဂိုးကန်သွင်းခွင့်တွေမှာတော့ အသာစီးမရခဲ့ပါဘူး။ အဲဗာတန်အသင်းက ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းအထိ ရရှိခဲ့ပေမယ့်လည်း အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့တဲ့အတွက် အရှုံးပေးခဲ့ရတာပါ။ ဆန်းဒါးလန်းအတွက် အနိုင်ဂိုးတွေကို ၃၈ မိနစ်မှာ ပက်ထရစ် ဗန် အန်းဟို့တ်၊ ၄၂ မိနစ်နဲ့ ၅၅ မိနစ်တို့မှာ နောက်တန်းကစားသမား ကုန်းက သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ ၂ ဂိုးသွင်းယူပေးခဲ့တဲ့ ဆန်းဒါးလန်း နောက်တန်းကစားသမား ကုန်းကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ပွဲစဉ် ၃၇ အပြီးမှာတော့ ဆန်းဒါးလန်းအသင်းဟာ ရမှတ် ၃၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၇ မှာရပ်တည်နေပြီး လက်ကျန် တပွဲပဲကစားဖို့ ကျန်တဲ့အချိန်မှာ တန်းဆင်းဇုန် အဆင့် ၁၈ မှာရပ်တည်နေတဲ့ နယူးကာဆယ်ကို ၄ မှတ် ဖြတ်ထားနိုင်တဲ့အတွက် ပရီးမီးယားလိဂ်မှာ ဆက်လက် ရှင်သန် ရပ်တည်နိုင်တာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းကတော့ ရမှတ် ၄၄ မှတ်နဲ့ အဆင့် ၁၂ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up