အဲဖရန့်စ်

A d v e r t i s e m e n t With Us

November 18, 2015

အဲဖရန့်စ် လေကြောင်းလိုင်းမှ လေယာဉ် ၂ စီး လုံခြုံရေးကိစ္စကြောင့် လမ်းကြောင်းပြောင်း

အမေရိကန်နိုင်ငံကနေ ပြင်သစ်နိုင်ငံ ပါရီကို ပျံသန်းမယ့် အဲဖရန့်စ် လေကြောင်းလိုင်းက လေယာဉ် ၂ စီးဟာ လုံခြုံရေးကိစ္စတွေကြောင့် နိုဝင်ဘာ ၁၇ ရက်နေ့က လမ်းကြောင်းပြောင်းလဲ ပျံသန်းခဲ့ရတယ်လို့ ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲရေးရုံး (အက်ဖ်အေအေ) က ပြောပါတယ်။ လော့စ်အိန်ဂျလိစ်မြို့ကနေ ပျံသန်းထွက်ခွာလာတဲ့ အဲဘတ်စ်အမျိုးအစား A-380 လေယာဉ်ဟာ ဆော့လ်တ်လိပ်ခ် (Salt Lake) မြို့မှာ ဆင်းခဲ့ရတာပါ။ ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေကို လေယာဉ်ကနေ ဘေးကင်းကင်း ခေါ်ထုတ်ခဲ့ပြီး ခရီးသည် နားနေဆောင်ကို လွှဲပေးခဲ့တယ်လို့ အက်ဖ်အေအေ ပြောခွင့်ရက ပြောပါတယ်။ ဝါရှင်တန်မြို့ပြင် ဒါးလ်လဲ့စ် နိုင်ငံတကာလေဆိပ်ကနေ ပျံသန်းထွက်ခွာတဲ့ လေယာဉ်ကတော့ လုံခြုံရေး စိုးရိမ်မှုကြောင့် နိုဗာစကိုရှာမြို့က ဟာလီဖက်စ် နိုင်ငံတကာ လေဆိပ်ကို ဆင်းသက်ခဲ့ရတယ်လို့ အက်ဖ်အေအေက ပြောခဲ့ပါတယ်။
5 years Ago
Up