အဲနီယူဂျီနီ

September 28, 2018

အဲ နီယူဂျီနီလေယာဉ် ပင်လယ်အတွင်း ထိုးဆင်း၊ ခရီးသည်အားလုံးကို လှေများဖြင့်ကယ်ဆယ် (ရုပ်သံ)

ခရီးသည် ၄၇ ဦး လိုက်ပါလာတဲ့ အဲ နီယူဂျီနီ (Air Niugini) လေယာဉ်ဟာ စက်တင်ဘာ ၂၈ ရက်နေ့က မိုက်ခရိုနီးရှားကျွန်း ပင်လယ်အတွင်း ထိုးဆင်းခဲ့ပြီး လိုက်ပါလာတဲ့ ခရီးသည်အားလုံးကို လှေငယ်လေးတွေနဲ့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ လေဆိပ် လေယာဉ်ပြေးလမ်း တိုတာကြောင့် ဘိုးအင်း ၇၃၇ လေယာဉ်ဟာ ပင်လယ်အတွင်း ထိုးဆင်းခဲ့တာဖြစ်တယ်လို့ လေဆိပ်မန်နေဂျာက ပြောပါတယ်။ အဲဒီနောက် ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေကို ဆေးရုံပို့ဆောင်ခဲ့ပြီး ကြီးကြီးမားမား ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။ ၂၀၁၃ ခုနှစ်ကလည်း အင်ဒိုနီးရှားနိုင်ငံ ဒန်ပါဆာလေဆိပ်မှာ လေယာဉ်တစင်း ပြေးလမ်းချော်ခဲ့ပြီး ရေတိမ်ပိုင်းကို ထိုးဆင်းခဲ့ပါတယ်။ အဲဒီတုန်းကလည်း ခရီးသည် ၁၀၁ ဦးစလုံးကို အနာတရမရှိဘဲ ကယ်တင်နိုင်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up