အဲကမ္ဘောဇ

April 3, 2021

အဲကမ္ဘောဇနှင့် MAI လေကြောင်းလိုင်းက အနောက်ရခိုင်ပြည်နယ်မြို့ ၃ မြို့သို့ ပျံသန်းပြေးဆွဲမည်

အဲကမ္ဘောဇလေကြောင်းလိုင်း (Air KBZ) နဲ့ မြန်မာအဲဝေးစ်အင်တာနေရှင်နယ်လေကြောင်း လိုင်း (MAI) တို့ အကျိုးတူပူးပေါင်းကာ ရန်ကုန်၊ မန္တလေးမြို့တွေနဲ့ အနောက်ဘက် ရခိုင်ပြည်နယ်မြို့ ၃ မြို့ဆီ လေကြောင်းခရီးစဉ်တွေကို ပျံသန်းပြေးဆွဲသွားမယ်လို့ သိရပါတယ်။

ဒီလေကြောင်းခရီးစဉ်တွေကိုတော့ လာမယ့် ဧပြီ ၉ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ပျံသန်း ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။

ပြေးဆွဲသွားမယ့် ခရီးစဉ်တွေထဲမှာတော့ ရန်ကုန်-စစ်တွေ-ရန်ကုန်၊ ရန်ကုန်-သံတွဲ-ရန်ကုန်၊ ရန်ကုန်-ကျောက်ဖြူ-ရန်ကုန်၊ ရန်ကုန်-စစ်တွေ-သံတွဲ-ရန်ကုန်၊ ရန်ကုန်-သံတွဲ-မန္တလေး-သံတွဲ- ရန်ကုန်၊ ရန်ကုန်-မန္တလေး-သံတွဲ-ရန်ကုန်၊ ရန်ကုန်-သံတွဲ-မန္တလေး-ရန်ကုန် ခရီးစဉ်တွေ ပါဝင်ပြီး E190 ၊ ATR လေယာဉ်တွေနဲ့ ပြေးဆွဲသွားမယ်လို့ ကြေညာထားပါတယ်။

ခရီးစဉ်လက်မှတ်တွေကိုတော့ သက်ဆိုင်ရာ လက်မှတ်အရောင်းကိုယ်စားလှယ်တွေအပါအ ဝင် Air KBZ ရဲ့ Website, Mobile App နဲ့ K7Chatbot တို့ကတဆင့်လည်း ကိုယ်တိုင်ဝယ်ယူ နိုင်မှာ ဖြစ်ပါတယ်။

2 years Ago

March 24, 2021

အဲကမ္ဘောဇလေကြောင်းလိုင်းက ရန်ကုန်မှ မြို့ပေါင်း ၁၂ မြို့သို့ အရေးပေါ် ပျံသန်းပြေးဆွဲမည်

အဲကမ္ဘောဇလေကြောင်းလိုင်းအနေနဲ့ ရန်ကုန်မြို့ကနေ မြန်မာနိုင်ငံမြို့ပေါင်း ၁၂ မြို့ဆီ လာမယ့် မတ် ၂၆ ရက် က စတင်ကာ ပျံသန်းပြေးဆွဲသွားမယ်လို့ သိရပါတယ်။

ဒါဟာ ခရီးသွားမိဘပြည်သူတွေအနေနဲ့ နေရပ်ဒေသ အသီးသီးဆီ ပြန်ဖို့နဲ့ မဖြစ်မနေ ခရီးသွားလာဖို့စတဲ့ အရေးပေါ်လိုအပ်ချက်တွေအတွက် ပြေးဆွဲပေးသွားမှာ ဖြစ်ကာ မတ် ၃၁ ရက်နေ့အထိ ပြေးဆွဲပေးသွားမယ်လို့ ဆိုပါတယ်။

ပြေးဆွဲသွားမယ့် ခရီးစဉ်တွေထဲမှာတော့ ရန်ကုန်-စစ်တွေ-ရန်ကုန်၊ ရန်ကုန်-မြိတ် -ရန်ကုန်၊ ရန်ကုန်-မန္တလေး-ကျိုင်းတုံ-မန္တလေး-ရန်ကုန်၊ ရန်ကုန်-ထားဝယ်-ကော့ သောင်း-ထားဝယ်-ရန်ကုန်၊ ရန်ကုန်-မန္တလေး-မြစ်ကြီးနား-မန္တလေး-ရန်ကုန်၊ ရန်ကုန်- ထားဝယ်-ရန်ကုန်၊ ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန်၊ ရန်ကုန်-စစ်တွေ-ရန်ကုန်၊ ရန်ကုန် -တာချီလိတ်-ရန်ကုန်၊ ရန်ကုန်-ကျောက်ဖြူ-ရန်ကုန်၊ ရန်ကုန်-တာချီလိတ်-မန္တလေး-ရန် ကုန်၊ ရန်ကုန်-လားရှိုး-ရန်ကုန်၊ ရန်ကုန်-စစ်တွေ-သံတွဲ-ရန်ကုန်စတဲ့ ခရီးစဉ်တွေ ပါဝင် ပြီး E190 ၊ ATR လေယာဉ်တွေနဲ့ ပြေးဆွဲသွားမယ်လို့ ကြေညာထားပါတယ်။

ခရီးစဉ်လက်မှတ်တွေကိုတော့ သက်ဆိုင်ရာ လက်မှတ်အရောင်းကိုယ်စားလှယ် တွေအပါအဝင် Air KBZ ရဲ့ Website, Mobile App နဲ့ K7Chatbot တို့ကတဆင့်လည်း ကိုယ်တိုင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

2 years Ago
Up