အကြောက်လွန်ခြင်းနှင့်

August 5, 2017

အကြောက်လွန်ခြင်းနှင့် သင့်ရင်သွေးငယ်

စိတ်လှုပ်ရှားခြင်းနှင့် ကြောက်ရွံ့ခြင်းဆိုတဲ့ အကြောင်းတရားတွေဟာ တကယ်တော့ ကျနော်တို့ပတ်ဝန်းကျင်မှာ တွေ့ရခဲတဲ့ ထူးဆန်းတဲ့ အတွေ့အကြုံ အသစ်အဆန်းတွေတော့ မဟုတ်ပါဘူး။ ကလေးသူငယ်များကစပြီး လူကြီး သူမများအထိ အနည်းနဲ့အများ ဆိုသလို ကြုံတွေ့နေရတဲ့ ပုံမှန်အဖြစ်တွေသာ ဖြစ်ပါတယ်။ ကိုယ်နဲ့ စိမ်းတဲ့နေရာ၊ သက် သောင့်သက်သာ မဖြစ်တဲ့နေရာမျိုးတွေမှာ စိတ်လှုပ်ရှားမှုကို ခံစားရလေ့ရှိပြီး ဒါဟာ သိပ်ကောင်းတဲ့ ခံစားမှုမျိုး မဟုတ်တာတော့ သေချာပါတယ်။ ဒါပေမဲ့ ကလေး တွေမှာ ဒီလို စိတ်လှုပ်ရှားတတ်တာဟာ ပုံမှန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲ။ ဖြစ်သင့်တဲ့ အပြုအမူတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ လူငယ်တွေမှာတော့ စိတ်လှုပ်ရှား နိုင်မှုတွေကို ထိန်းချုပ်နိုင်စွမ်းရည်အပေါ် မူတည်ပြီး ဘဝရဲ့ တွေ့ကြုံလာမယ့် မမျှော်လင့်တဲ့ အတွေ့အကြုံတွေ၊ စိန် ခေါ်မှုတွေ ပြည့်နှက်နေတဲ့ အခြေအနေ တွေကို ကျော်လွှားအောင်မြင်နိုင်စွမ်းတွေ လည်း ကွာခြားသွားတတ်ကြပါတယ်။ပုံမှန်အားဖြင့် စိတ်လှုပ်ရှားခြင်းနဲ့ ကြောက်ရွံ့ခြင်းတွေဟာ သဘာဝဖြစ်စဉ် တခုပါပဲ။ ချို့ယွင်းချက်တွေ မဟုတ်ကြ ပါဘူး။ ဒါပေမယ့် ပုံမှန်ထက် လွန်ကဲလာရင် တော့ မကောင်းတော့ပါဘူး။ အကြောက် လွန်ခြင်းမဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါဆို သင့်ကလေးကို အကြောက်လွန်ခြင်း မခံစားရအောင် ဘယ်လို ကာကွယ်ပေး နိုင်မလဲ ... ပထမဆုံး ကျွန်တော်တို့ စိတ်လှုပ် ရှားခြင်းနှင့် ကြောက်ရွံ့ခြင်းအကြောင်း သေချာသိဖို့ လိုပါတယ်။ စိတ်လှုပ်ရှားခြင်းဆိုတာဟာ တ ကယ်တော့ ပြင်ပမှာ တကယ် မဖြစ်သေး တာကို ဖြစ်လာမယ်ထင်ပြီး မရှိတာကို အရှိထင်၊ မဟုတ်တာကို အဟုတ်ထင် တဲ့ ခံစားမှုမျိုးလို့ ဖွင့်ဆိုကြပါတယ်။ ဥပမာပြောရရင် မိမိ၏ လုံခြုံမှုကို သို့မဟုတ် မိမိကိုယ်တိုင်ကို အပြင်မှာ လက်တွေ့ အန္တရာယ်မပေးနိုင်တဲ့ အရာ တစ်ခုကို စိတ်ထဲက အန္တရာယ်ရှိတယ် ဟု ခံစားယူဆလာတဲ့ အခြေအနေမျိုး ပါပဲ။ စိတ်လှုပ်ရှားလာတဲ့အခါ လူဟာ လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေ ပတ်ဝန်းကျင်မှာ မပျော်တော့ပါဘူး။ ချက် ချင်း ရှောင်ပြေးထွက်သွားချင် စိတ်တွေ ဖြစ်လာပါတယ်။ ပြီးတော့ နှလုံးခုန် သံတွေ မြန်လာမယ်။ ခန္ဓာကိုယ်တစ်ခုလုံး တုန်တုန်ရီရီ ဖြစ်လာမယ် နေလို့ထိုင်လို့ မကောင်းတွေလည်း ဖြစ်လာပါရော။ ဒါပေမဲ့ အလွန်အကျွံ မဟုတ်တဲ့ စိုးရိမ်ပူ ပန်မှု စိတ်လှုပ်ရှားမှုကတော့ လူကို နိုးနိုး ကြားကြားနဲ့ ဖျတ်ဖျတ်လတ်လတ် အာရုံ စူးစိုက်နေအောင် ကူညီပေးပြန်ပါတယ်။ ကျွန်တော်တို့ ပြောနေကျစကားလို ပေါ့။ လူမှာ ဟီရိသြတ္တပ္ပတရား ရှိရမယ် ဆိုတာလေ။ ကြောက်စိတ်ဆိုတာလည်း တကယ်တော့ လိုအပ်တဲ့ အရာပါပဲ။  ကျနော်တို့ မလုပ်သင့်တာတွေ မလုပ်မိ အောင် ကြောက်စိတ်က ဟန့်တားပေး တယ်။ မီးကြောက်တဲ့ ကလေးတယောက် က မီးခြစ်နဲ့ မဆော့တော့တာမျိုးပေါ့။ အဲလို ကြောက်စိတ်မျိုးကတော့ လူကို အကာအကွယ် ပေးနေပြန်ရောဗျ။ စိတ် လှုပ်ရှားခြင်းနဲ့ ကြောက်ရွံ့ခြင်းဟာ အ သက်အရွယ်အလိုက် ပြောင်းလဲမှုလေး တွေတော့ ရှိတယ်ဗျ။ မွေးကင်းစကလေး ငယ်ငယ်လေး တွေဟာ မမြင်ဖူးတဲ့ လူစိမ်းမျက်နာတွေ ကို ကြောက်တတ်ကြတယ်။ သူတို့ မမှတ်မိတဲ့သူတွေ အနားလာပြီဆိုလည်း မိဘဆီကို အတင်းပြေးဝင်တတ်ကြတာ မျိုးပေါ့။
  •     လမ်းစလျှောက်တတ်ခါစ ကလေး တွေကျ ခွဲခွာမှုကို ကြောက်ရွံကြတယ်။ မိခင် သို့မဟုတ် ဖခင်က တယောက် တည်း ထားမိတဲ့အခါမျိုးမှာ အရမ်းလန့်ပြီး ကြောက်နေတတ်ကြတယ်လေ။
အသက်လေးနှစ်ကနေ ခြောက်နှစ် ကြား အရွယ်တွေမှာတော့ ပြင်ပမှာ တကယ်မရှိတဲ့ သရဲတစ္ဆေ ဒါမှမဟုတ် သတ္တဝါဆန်းကြီးတွေကို တွေးပြီးကြောက် တတ်လာကြတယ်။ ကလေးအသက် ခုနစ်နှစ်ကျော်သွား ရင်တော့ လက်တွေ့ဖြစ်နိုင်တဲ့ အရာတွေ ကို တွေးတွေးပြီး ပြောင်းကြောက်လာ ကြပြန်ရော။ ဥပမာ အပြင်းအထန် ထိ ခိုက်နာကျင်မှာမျိုး၊ သဘာဝရဲ့ ဘေး အန္တရာယ်တွေ ကြုံမှာမျိုးကို တွေးပြီးကြို ကြောက်နေတာမျိုးပေါ့။ ကလေးက အ သက်အရွယ်ကြီးလာတာနဲ့အမျှ ကြောက် ရွံခြင်းတွေဟာ တခုပြီးတခု အစားထိုး သွားကြပါတယ်။ ဥပမာ ငယ်ငယ်က မီး မပိတ်ဘဲ မအိပ်ရဲတဲ့ကောင်လေးတစ် ယောက်ဟာ အသက်နည်းနည်း ကြီးလာ တဲ့အခါ သရဲပုံပြင်တွေကို အပေါင်းအသင်း တွေနဲ့ ဝိုင်းဖွဲ့ပြောတာမျိုး နှစ်သက်လာ တာမျိုးပေါ့။ ဒါပေမဲ့ အကုန်လုံးတော့ မဟုတ်ဘူးဗျ။ တချို့ ကြောက်ရွံ့မှုတွေ ကတော့ တစ်သက်လုံး ပုံမှန် အလေ့အထ တခုလို စွဲကျန်သွားတတ်တယ်။ ဒါလဲ ကျနော်တို့ ပတ်ဝန်းကျင်မှာ ကြုံနေကျ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားခြင်း၏  လက္ခဏာများ ပုံမှန်တော့ ကလေးဘဝ ကြောက်ရွံ့ မှုတွေဟာ အသက်အရွယ်နဲ့ လိုက်ပြီး အမြဲ ပြောင်းလဲနေတယ်ဗျ။ အပေါ်က ကျွန်တော်ပြောပြခဲ့သလို လူစိမ်းကိုကြောက်တာမျိုး၊ အမြင့်ကို ကြောက်တာမျိုး၊ အမှောင်ကိုကြောက် တာမျိုး၊ သွေးနဲ့ ပိုးကောင်တွေကို ကြောက်တာမျိုး၊ ပြီးတော့ တယောက် တည်း ကျန်ခဲ့မှာကို ကြောက်တာမျိုး စသဖြင့်ပေါ့။ တစ်ခါတလေကျ အဲဒီ အကြောက် တရားတွေဟာ သူတို့ကြုံတွေ့ခဲ့ရတဲ့ ဖြစ် ရပ်တွေအပေါ် အမှီပြုပြီး အခြေခံပေါက် ဖွားလာမျိုးလည်း ရှိတယ်ဗျ။ အရင်က ခွေးမကြောက်ခဲ့ပေမယ့်   ခွေးကိုက်ခံရပြီးမှာ ခွေးနားမကပ်ရဲတော့ တဲ့ ကလေးတွေ ဒုနဲ့ဒေးကိုဗျ။… ခွဲခွာမှုကို ကြောက်ရွံတဲ့ စိတ်လှုပ် ရှားမှုမျိုးကြတော့ ကျောင်းစတက်ခါစ ကလေးတွေမှာ အဖြစ်များတယ်ဗျ။ မြီး ကောင်ပေါက်အရွယ်မှာ ပတ်ဝန်းကျင် အသစ်နဲ့ အသားမကျတဲ့အခါမျိုး ဥပမာ ကျောင်းပြောင်းရတဲ့ အခါမျိုးမှာလည်း ဖြစ်လေ့ဖြစ်ထ ရှိတယ်။ ဒါပေမဲ့ ဒီစိတ်လှုပ်ရှားမှု ကြောက် ရွံမှုတွေက ကျိန်းသေပေါက် အနှေးနဲ့ အမြန် ပျောက်ကွယ်ပြီးအသား ကျသွားရ မှာ ဖြစ်ပါတယ်။ တကယ်လို့ စွဲကျန်ရစ် နေမယ်ဆိုရင်တော့ သင့်ကလေးရဲ့ လေ့ လာသင်ယူနိုင်စွမ်းနဲ့ ပေါင်းသင်းဆက်ဆံ ရေးပိုင်းမှာ ပြဿနာ ကြီးကြီးမားမား ဖြစ်လာပါပြီ။ နားမလည်တဲ့ မသိတဲ့ စာတွေကို လူတွေကြားထဲ ဆရာမကို ထ,မမေးရဲသလိုပေါ့။ ဒါ လုံးဝ မကောင်း တဲ့ အပြုအမူဖြစ်သွားပါပြီ။ ကျနော်တို့ ပတ်ဝန်းကျင်က အရွယ်ရောက်ပြီးသား လူတွေရဲ့ ကြောက်ရွံ့မှု တော်တော်များများဟာ ငယ်စဉ်က အတွေ့အကြုံတွေကနေ ပေါက်ဖွားလာကြတာပါ။ လူတွေရှေ့မှာ အရှက်အကြောက်ကြီး ပြီး လူထဲမနေရဲတဲ့ ကလေးလေးဟာ အ သက်အရွယ်ရောက်လာတဲ့အခါ အစည်း အဝေးတွေ၊ ပွဲတွေမှာ ရှေ့ထွက်မပြောရဲ တော့တဲ့ သဘောပါပဲ။ ဒါကြောင့် သင့်ကလေးကို ကလေးဘဝက စပြီး သူဘာကိုကြောက်တတ် လဲ၊ ဘယ်အချိန်ဆို စိတ်အရမ်းလှုပ်ရှား တတ်လဲ အဲဒီ ကြောက်ရွံမှုကို ဘယ်လို ကူညီ ဖြေဖျောက်ပေးမလဲ၊ လမ်းပြပေး မလဲ ဆိုတာမိဘတွေအတွက် အရမ်း အရေးကြီးတဲ့ တာဝန်ဖြစ်သွားပါပြီ။ အဲလိုမှ သင့်ကလေးရဲ့ ကြောက်တတ်တဲ့ စိတ် ကလေးဟာ သူ့ဘဝတလျှောက် အရိပ် လို ပါမသွားမှာဖြစ်ပါတယ်။ အဲတော့ ကလေးတစ်ယောက် ကြောက်ရွံ့ခြင်းနဲ့ စိတ်လှုပ်ရှားတဲ့ ဝေဒနာတွေ ခံစားလာရပြီဆို မိဘအုပ်ထိန်းသူအနေ နဲ့ ဘယ်လို သိနိုင်မလဲ ... ကလေးဟာ ဂနာမငြိမ် ဖြစ်လာမယ်၊ အာရုံမစူးစိုက်နိုင်တော့ဘူး၊ လှုပ်လှုပ်ရွရွ ဖြစ်နေမယ်။
  •     တစ်ခါတစ်ရံကျ ရုတ်တရက် အ ကြောဆွဲချင်သလိုလို  ဖြစ်လာမယ်။ ပုံ မှန်မဟုတ်တဲ့ ကြွက်သားလှုပ်ရှားမှုတွေ ရှိမယ်။ လွယ်လွယ်ကူကူ မအိပ်နိုင်တာ မျိုး၊ အိပ်ရာက နိုးရခက်တာမျိုး ဖြစ်လာ မယ်။
လက်တွေက အမြဲတစေ ချွေးပြန်နေ လိမ့်မယ်။
  •     အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်းတွေ မြန်လာမယ်
ပျို့အန်ချင်တာမျိုး ဖြစ်လာမယ်။
  •     ခေါင်းကိုက်သလို ခံစားရမယ်။
  •     နောက်ဆုံး ဗိုက်အောင့်တယ် ဗိုက် နာတယ်ဆိုတာမျိုး ခံစားရလာလိမ့်မယ်။
ဒီလိုတွေ ဖြစ်လာပြီဆိုရင်တော့ သင့်ကလေးဟာ ပြင်းပြင်းထန်ထန် စိတ် လှုပ်ရှားပြီး ကြောက်ရွံ့မှုကို ခံစားနေရပြီ ဆိုတာ သိနိုင်ပါတယ်။ သိပြီဆိုတာနဲ့ ဘာကိုကြောက်ပြီး စိတ်လှုပ်ရှားနေတာ လဲဆိုတာ ချက်ချင်းအဖြေရှာပြီး သူ့ကို နားလည်အောင် ရှင်းပြပေးရမှာဖြစ်ပါ တယ်။ မလိုအပ်ဘဲ ကြောက်ရွံနေတာမျိုးကို သူ သဘောပေါက်အောင် ကူညီပေးရမှာ ဖြစ်ပါတယ်။ ဒါ မိဘရဲ့ အရေးကြီးတဲ့ တာဝန်ပါပဲ။ အကြောက်လွန်တယ်ဆိုတာဘာလဲ ...    ကျွန်တော် အပေါ်ကပြောခဲ့သလိုပါပဲ။ ကြောက်ရွံခြင်းနဲ့ စိတ်လှုပ်ရှားခြင်းဟာ ပုံမှန် ဖြစ်စဉ်လေးတွေပါ။ ဒါပေမဲ့ အမြစ် တွယ်လာပြီး တစ်သက်လုံးအတွက် စွဲ ကျန်ရစ်စရာတွေ ဖြစ်လာပြီဆိုရင်တော့ အကြောက်လွန်ခြင်းဆိုပြီး ဖြစ်သွားပါပြီ။ ဒါဟာ စိတ်ရောဂါ ဝေဒနာတစ်မျိုး ပဲဖြစ်ပါတယ်။ အကြောက်လွန်တယ်ဆို တာလဲ အမျိုးမျိုးပါပဲ။ တွေ့ရခဲ ကြုံရခဲတဲ့ အရာကို ကြောက်ပြီး အကြောက်လွန်နေ တာဟာ နေ့စဉ် ဘဝ လုပ်ငန်းဆောင်တာအတွက် ဘာမှ အခက်အခဲမရှိပေမယ့်  မကြာခဏ ကြုံရမယ့်အရာတွေကို အကြောက်လွန်နေတာကတော့ သင့်ကလေးအတွက်သာမက သူ့ပတ်ဝန်းကျင် အတွက်ပါ အများကြီး ပြဿနာပေးလာ ပါပြီ။ ဥပမာ- မိုးခြိမ်းတာကို ကြောက်တာ မျိုးပေါ့။ ဒါ ရှောင်လွှဲဖို့ မလွယ်ဘူးလေ။ ဝမ်းသာစရာတစ်ခုကတော့ အကြောက် လွန်တဲ့သူတိုင်းက စိတ်ရောဂါကု ဆရာ ဝန်ဆီ သွားပြပြီး ကုသမှုခံယူစရာ မလို တာပါပဲ။ အပေါ်က ပြောခဲ့သလို နေ့စဉ် လုပ်ငန်းဆောင်တာတွေကို မထိခိုက်တဲ့ အရာကို အကြောက်လွန်နေတယ်ဆိုရင် ဒါဟာ ပြဿနာ မဟုတ်ပါဘူး။ အဲ့အရာ ကို ရှောင်လိုက်ရုံပါပဲ။ အကြောက်လွန်ခြင်းဟာလည်း တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားအောင် လေ့ကျင့်လို့လည်း ရတာမို့ ကိုယ်တိုင် ပြုပြင်လို့လည်း အဆင်ပြေပါတယ်။အခု အောက်က မေးခွန်းလေးတွေ ကို အမှန်အတိုင်း ကြိုးစား ဖြေကြည့်ပါ။ သင့်ကလေးရဲ့ ကြောက်ရွံ့မှုဟာ သူ့အ သက်အရွယ်မှာ ရှိသင့်တဲ့ ကြောက်ရွံ့ မှုလား ... ဟုတ်တယ်။ ဒါ သူ့အရွယ်မှာဖြစ် တတ်တာမျိုးဆိုရင်တော့ စိတ်မပူပါနဲ့။ အသက်အရွယ်ကြီးလာတဲ့ အမျှ တဖြည်း ဖြည်း ပျောက်ကွယ်သွားပါလိမ့်မယ။ ဒါပေမဲ့ လုံးဝ ပစ်ထားလိုက်လို့တော့ မရပါဘူး။ ပျောက်သင့်တဲ့အချိန်မှာ ပျောက် လား၊ မပျောက်လားကိုလည်း စောင့် ကြည့်ဖို့ လိုပါတယ်။ သင့်ကလေး ခံစားနေရတဲ့ ကြောက်ရွံ့ ခြင်း စိတ်လှုပ်ရှားခြင်းရဲ့ အပြုအမူ လက္ခဏာတွေက ဘာတွေလဲ ... အဲ့အရာတွေက သင့်ကလေးရဲ့ လူမှုဘဝ နေထိုင်ရေး၊ ပေါင်းသင်းဆက် ဆံရေး၊ လေ့လာသင်ယူရေးတွေ အပေါ် အနှောက်အယှက်ပေးနေပြီလား။ တ ကယ်လို့ လက္ခဏာတွေကို သေသေချာ ချာသိပြီး နေ့စဉ် လုပ်ငန်းဆောင်တာ တွေနဲ့ ပုံမှန် ဘဝကိုလည်း အထိအခိုက် မပေးဘူးဆိုရင်တော့ သူကြောက်တဲ့ အရာကို ဖယ်ပေးလိုက်ပါ။ ဒီလိုနဲ့ ထိန်း ညှိပေးလို့ရပါတယ်။ သင့်ကလေးက ပုံမှန်ထက် အကြောက် လွန်နေပီလား၊ ကြောက်သင့်တာထက် ပိုပြီး အဆမတန်ကြောက်ပြီး အပြင်း အထန် စိတ်လှုပ်ရှားနေပြီလား ... ဥပမာ ကြွက်ကလေးသေးသေး လေးကိုမြင်ပြီး သွေးရူးသွေးတန်း ထွက်ပြေးတာမျိုး၊ သတိမေ့လဲကျသွားတာမျိုးပေါ့။ ကျောင်းသွားခါနီးတိုင်း ဗိုက်အောင့် တာ ခေါင်းကိုက်တာတွေနဲ့ မရိုးနိုင်အောင် နေ့စဉ် အချိန်ဆွဲတာမျိုပေါ့။ ဒါဆိုရင်တော့ သင် စိတ်ရောဂါကု ဆရာဝန် သို့မဟုတ် နှစ်သိမ့်ဆွေးနွေး အဖြေရှာပေးနိုင်တဲ့သူ တစ်ဦးဦးရဲ့ အကူ အညီယူသင့်နေပါပြီ။ သင့်ကလေးကို သင်ကိုယ်တိုင်ပဲ ကူညီပါ။ တကယ်တော့ ဒီကြောက်ရွံ့ခြင်း စိတ် လှုပ်ရှားခြင်းနဲ့ အကြောက်လွန်ခြင်းတွေ ကို ကျော်လွှားနိုင်ပြီး ပျောက်ကင်းအောင် မိဘက အကူအညီပေးနိုင်တဲ့အရာ လေး တွေပါ။ ဘယ်လို ကူညီနိုင်မလဲ ... ကြောက်ရွံခြင်း အကြောင်းကို သူ နားလည်အောင် ပြောပြပါ။  သူ ကြောက် နေတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး သူ ကိုယ်တိုင် လက်ခံပါစေ။ ကြောက်ရွံ့ခြင်း ဟာ ရှက်စရာမဟုတ်ပါဘူး။ မိဘကိုယ်တိုင်လည်း ငယ်ငယ်က ကြုံ တွေ့ခဲ့ရဖူးကြောင်း ကျော်လွှားနိုင်ခဲ့ ကြောင်း ရှင်းပြပါ ... ပြီးရင်တော့ ဒါဟာ ကြောက်စရာမလိုဘူးဆိုတဲ့အကြောင်းကို မိဘကိုယ်တိုင် အကြိမ်ကြိမ် သဘောပေါက်အောင် ပြောပြပေးပါ ... သူ့ရဲ့ လွဲနေတဲ့ အတွေးလေးတွေကို လမ်းပြပေးပါ၊ တည့်မတ်ပေးပါ။ ဘယ် တော့မှ တွန်းအားမပေးပါနဲ့။ သရဲဆိုတာ အလကား မင်းဘာလို့ ကြောက်နေတာလဲ သတ္တိမရှိဘူးလား။ အဲလို ကြိမ်းမောင်း နေတာက ကြောက်ရွံ့မှုအတွက် အဖြေ မဟုတ်ပါဘူး။ အဲလိုလုပ်လို့ ဘာမှအကျိုး မထူးပါဘူး။ ကလေးကို အလိုမလိုက်ပါနဲ့ ... ကလေးက ခွေးကြောက်တယ်ဆို အဲ့ လမ်းက မသွားဘဲရှောင်သွားတာမျိုး မပြုသင့်ပါဘူး။ ကိုယ်တိုင် လက်တွဲခေါ်ပြီး လာတူ တူသွားမယ်။ ဘာမှ မကြောက်နဲ့။ ဘာမှ မဖြစ်နိုင်ဘူးဆိုတာမျိုးကို သူမြင်အောင် အတူတကွ ပြပေးရပါမယ်။ မိဘနဲ့အတူ ကျော်လွှားနိုင်ပြီးတဲ့နောက် သူ့စိတ်ထဲ သြော် ...ဒါက ငါထင်သလို ကြောက် စရာ အရမ်းမကောင်းပါလားဆိုပြီး အမှန် မြင်သွားမှာပါ။ ကလေးကိုယ်တိုင် ကြောက်ရွံ့မှုကို ထိန်းချုပ်နိုင်ပါစေ။ အလွန်အကျွံ ကြောက်ရွံ့မှုဆိုတာဘာလဲ ... ဘယ်လိုဆို အကြောက်လွန်တာလဲ သိနိုင်အောင် ရှင်းပြပေးထားပါ။ ဒါဆို သူ့ကိုယ်သူ သတိထားမိပြီး အကြောက် မလွန်အောင် ထိန်းချုပ်ထားနိုင်ပါလိမ့် မယ်။ ကြောက်ရွံ့မှုကို ဖြေဖျောက်ဖို့ နည်းတွေ ကို သင်ပေးပါ။
4 years Ago
Up