စက်တင်ဘာ ၁၃ ရက် ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် အုပ်စု အေ အဖွင့်ပွဲစဉ်မှာ ပီအက်စ်ဂျီနဲ့ အာဆင်နယ်တို့ တဂိုးစီ သရေကျသွားပါတယ်။
အိမ်ရှင် ပီအက်စ်ဂျီက ပွဲအစ ၁ မိနစ်မှာပဲ တိုက်စစ်မှူုး ကာဗာနီသွင်းတဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု သိပ်မကွာသလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း အပြန်အလှန် ရခဲ့ပါတယ်။
အာဆင်နယ်အတွက် ချေပဂိုးကို ၇၇ မိနစ်မှာ ဆန်းချက်ဇ်က သွင်းယူပါတယ်။
ဒီပွဲမှာ ပီအက်စ်ဂျီနောက်တန်းက အူရီရာ ခြေစွမ်းပြ ကစားနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။
မိနစ် ၉၀ မှာ အာဆင်နယ်က ဂျီရူးနဲ့ ပီအက်စ်ဂျီက ဗာရက်တီတို့ ၂ ၀ါ ၁ နီနဲ့ အထုတ်ခံရပါတယ်။
ဒီပွဲသရေကျလို့ အာဆင်နယ်အတွက် အဝေးကွင်းမှာ ၁ မှတ် ရရှိသွားပါတယ်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကတော့ ဒုတိယပိုင်းမှာ ကစားပုံ ပိုကောင်းလာပြီး အဖိုးတန် ၁ မှတ်ကို ရယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။
4 years Ago