အပြေးမြန်တဲ့ တောယုန်ကို သိမ်းငှက်ကြီးက ဘယ်လိုထိုးသုတ်သလဲ(ရုပ်သံ)

February 18, 2017

အပြေးမြန်တဲ့ တောယုန်ကို သိမ်းငှက်ကြီးက ဘယ်လိုထိုးသုတ်သလဲ(ရုပ်သံ)

စကော့တလန်တောင်ကုန်းတောင်တန်းတွေပေါ်က အပြေးမြန်လှတဲ့ တောယုန်တကောင်ကို သိမ်းငှက်တွေဟာ ဘယ်လိုထိုးသုတ်သတ်ဖြတ်သလဲဆိုတာကို လက်တွေ့ သိနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကောင်းကင်အမြင့်ပေါ်က သိမ်းငှက်ရဲ့ ကိုယ်ပေါ်က နေ အတူလိုက်ပါ ပျံသန်းနေသလိုမျိုး အတွေ့အကြုံနဲ့ မြင်ကွင်းတွေကို မြင်တွေ့ရမှာပါ။ ငှက်အထူးပြုလေ့လာစောင့်ကြည့်တဲ့ ငှက်ဖမ်းသမားတဦးဖြစ်တဲ့ ရွိုင်လက်ပ်တန်ဟာ သူကိုယ်တိုင် တီထွင်ဖန်တီးထားတဲ့ အနီးကပ်စောင့်ကြည့်ကင်မရာတပ်ဆင်ပေးထားတဲ့ သိမ်းငှက် ၂ ကောင်ကို လွှတ်ကာ သားကောင်ဖမ်းစေခဲ့တာပါ။ ကမ္ဘာကြီးပူနွေးလာမှုဖြစ်စဉ်တွေကြောင့် တချို့နေရာတွေမှာ တောယုန်တွေဟာ သေဆုံးနေကြပေမယ့် တချို့နေရာတွေမှာကတော့ သူတို့ဟာ သီးနှံစိုက်ခင်းတွေကို ဖျက်ဆီးလေ့ရှိတဲ့ သတ္တ၀ါတွေအဖြစ် ရှိနေကြဆဲ ဖြစ်ပါတယ်။ သိမ်းငှက်တွေကို အမဲလိုက်ငှက်တွေလို့ တင်စားလေ့ရှိကြပြီး သူတို့ဟာ တနာရီကို မိုင် ၁၅၀ နှုန်းနဲ့ လျင်မြန်စွာ ပျံသန်းနိုင်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ လျင်မြန်တဲ့ အရှိန်နဲ့ မြေပြင်တောင်ကုန်းပေါ်က ပြေးလွှားနေတဲ့ တောယုန်တကောင်ကို အမိအရထိုးသတ်နိုင်ခဲ့တဲ့ သူတို့ရဲ့ အစွမ်းကို တွေ့ မြင်ကြရမှာပါ။
4 years Ago
Up