အပြေးချန်ပီယံ

October 15, 2018

အပြေးချန်ပီယံ အူစိန်ဘော့ ဘောလုံးသမားဘဝ ပထမဆုံးဂိုးများ သွင်းယူ

ကမ္ဘာ့တာတိုအပြေးချန်ပီယံ အူစိန်ဘော့ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝ ပထမဆုံးသွင်းဂိုးတွေကို သွင်းယူခဲ့ပြီးနောက် အကောင်းဆုံးတွေပြုလုပ်ဖို့ ဒီနေရာကို ရောက်ရှိနေတာဖြစ်ပြီး သူ့အတွက် တဦးတယောက်ချင်း စိန်ခေါ်မှုတွေကို ရင်ဆိုင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိ ဘော့ဟာ သြစတြေးလျလိဂ်က စန်ထရယ်ကို့စ်မရင်နာ အသင်းမှာ ကစားနေတာဖြစ်ပြီး သူပါဝင်ကစားတဲ့ ပွဲစဉ်မှာ South West United အသင်းဘက်ကို ၂ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အူစိန်ဘော့ဟာ တာတိုအပြေးချန်ပီယံဖြစ်ပေမယ့် ဘောလုံးဝါသနာအိုးတယောက် ဖြစ်ပြီး ဒေါ့မွန်၊ မန်ချက်စတာယူနိုက်တက် အသင်းတွေမှာ ကစားချင်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ဒီအခြေအနေဟာ ဘော့အတွက် ဘောလုံးကစားခြင်းအိပ်မက် အကောင်အထည် ပေါ်လာခဲ့တာ ဖြစ်ပြီး မကြာခင်မှာလည်း ဂိုးတွေသွင်းယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ အူစိန်ဘော့ဟာ ပြေးခုန်ပစ်ကစားသမားဘဝကနေ ၂၀၁၇ မှာ အနားယူခဲ့ပြီး အောင်မြင်မှုအသစ်တွေ စိန်ခေါ်မှုအသစ်တွေကို ဆာလောင်နေတာကြောင့် အခုလို ဘောလုံးကစားခဲ့ကြောင်း ပြောကြားခဲ့ဖူးပါတယ်။
3 years Ago
Up