အပြောင်းအရွှေ့နှင့်ပတ်သက်၍ ဆုံးဖြတ်ထားပြီးဖြစ်ဟု အီဘရာဟီမိုဗစ် ပြော

A d v e r t i s e m e n t With Us

May 27, 2016

အပြောင်းအရွှေ့နှင့်ပတ်သက်၍ ဆုံးဖြတ်ထားပြီးဖြစ်ဟု အီဘရာဟီမိုဗစ် ပြော

အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ ကိုယ့်ဘာသာ ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့ ဆွီဒင်တိုက်စစ်မှူး ဇလတန် အီဘရာဟီမိုဗစ်က ပြောပါတယ်။ လောလောဆယ်မှာ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို မန်ယူနည်းပြသစ် မော်ရင်ဟိုက ခေါ်ယူတော့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာပါ။ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ပီအက်စ်ဂျီကလပ်နဲ့ ဒီနှစ်ဘောလုံးရာသီ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးပါတယ်။ မန်ယူကို ပြောင်းရွှေ့မှာလားဆိုတဲ့ သတင်းထောက်တွေရဲ့ အမေးကိုတော့ မိုဗစ်က ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့လို့သာ ဖြေဆိုသွားပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီမှာ ပီအက်စ်ဂျီအတွက် ကစားပေးတဲ့ ၅၁ ပွဲမှာ ဂိုး ၅၀ သွင်းယူထားပါတယ်။ လောလောဆယ်မှာတော့ အီဘရာဟီမိုဗစ်ဟာ ဆွီဒင်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။
5 years Ago
Up