အပြောင်းအရွှေ့ဈေးကွက်တွင် အဲဗာတန်က ပေါင်သန်း ၉၀ ကျော်ဖြင့် အများဆုံးအသုံးပြုထား

July 5, 2017

အပြောင်းအရွှေ့ဈေးကွက်တွင် အဲဗာတန်က ပေါင်သန်း ၉၀ ကျော်ဖြင့် အများဆုံးအသုံးပြုထား

ပရီးမီးယားလိဂ် အပြောင်းအရွှေ့ဈေးကွက်မှာ အဲဗာတန်အသင်းက ပေါင်သန်း ၉၀ ကျော်နဲ့ ငွေကြေးအများဆုံး အသုံးပြုထားတဲ့အသင်း ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာရပ်တည်ခဲ့တဲ့ အဲဗာတန်အသင်းဟာ ကစားသမားသစ် ၅ ဦးအတွက် ပေါင် ၉၆ သန်း သုံးစွဲပြီး ခေါ်ယူထားတာပါ။ တိုက်စစ်မှူး လူကာကူနဲ့ ကွင်းလယ်လူ ဘာကလေတို့ နှစ်ဦးကိုလည်း အဲဗာတန်အသင်းက ကြိုက်ဈေးရမယ်ဆိုရင် ရောင်းချဖို့ စီစဉ်ထားပြီး လူကာကူအတွက် ပေါင်သန်း ၁၀၀၊ ဘာကလေအတွက် ပေါင်သန်း ၄၀ ခန့် အလိုရှိနေတာပါ။ ဇူလိုင် ၄ ရက်အထိ ငွေကြေးသုံးစွဲမှုအများဆုံး အသင်းတွေထဲမှာ မန်စီးတီးအသင်းက ပေါင် ၇၈ သန်းနဲ့ ဒုတိယလိုက်နေပြီး လီဗာပူးက ပေါင် ၃၇ သန်းနဲ့ တတိယ၊ မန်ယူက ပေါင် ၃၀ ဒသမ ၇ သန်းနဲ့ စတုတ္ထ ငွေအများဆုံးသုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ အပြောင်းအရွှေ့ဈေးကွက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်က တရားဝင် စတင်ဖွင့်လှစ်ခဲ့ပြီး လာမယ့် သြဂုတ်လ ၃၁ ရက်ကျရင် ပိတ်သိမ်းမှာဖြစ်ပါတယ်။ နောက်ထပ် ၂ လနီးပါး ကျန်ရှိသေးတာကြောင့် ကစားသမားဝယ်ယူမှုတွေ ထပ်ပြီး ရှိလာဦးမှာ ဖြစ်ပါတယ်။
5 years Ago
Up