အပြောင်းအရွှေ့ကာလ

October 19, 2018

ဇန်နဝါရီ အပြောင်းအရွှေ့တွင် ကစားသမားသစ် ခေါ်ယူခွင့်ရရန် စပါးနည်းပြ မျှော်လင့်

ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူခွင့်ရဖို့ စပါးနည်းပြ ပိုချက်တီနို မျှော်လင့်နေပါတယ်။ စပါးအသင်းဟာ အခုနှစ်ဘောလုံးရာသီ အပြောင်းအရွှေ့မှာ ကစားသမားတဦးမှ မဝယ်ယူခဲ့တဲ့ တသင်းတည်းသောအသင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားတချို့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့လည်း ပိုချက်တီနိုက ဆိုပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက အက်စတွန်ဗီလာက ဂရီးလစ်ရှ်နဲ့ ခရစ္စတယ်ပဲလေ့စ်က ဇာဟာတို့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာပါ။ လက်ရှိအချိန်မှာ ပွဲကျပ်တွေ ကစားနေရသလို ကွင်းလယ်ကစားသမား အယ်လီနဲ့ ဒယ်နီရို့စ်တို့ ဒဏ်ရာရနေတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန် ဖြစ်တယ်လို့လည်း ပိုချက်တီနိုက ဆိုပါတယ်။ ဒါပေမယ့် ဒဏ်ရာရနေတဲ့ အဲရစ်ဆင်နဲ့ ဒမ်ဘီလီတို့ကတော့ ကြံ့ခိုင်မှု ပြည့်ဝနေပြီဖြစ်လို့ လာမယ့်ပွဲစဉ်တွေမှာ ပြန်လည်ပါဝင်ကစားနိုင်တော့မယ်လို့ သိရပါတယ်။
3 years Ago
Up