အခြေခံလေ့ကျင့်ရေးတပ်သားသစ်တဦး ဆွဲကြိုးချသေဆုံး

April 18, 2016

အခြေခံလေ့ကျင့်ရေးတပ်သားသစ်တဦး ဆွဲကြိုးချသေဆုံး

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မင်းကုန်းအုပ်စု အမှတ် ၁ စစ်အခြေခံ လေ့ကျင့်ရေးတပ်တွင် ဧပြီလ ၁၈ ရက်နေ့ မနက် ၆ နာရီခွဲအချိန်ခန့်မှာ တပ်သားသစ်တဦး ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူမှာ မှော်ဘီ(၁) ရပ်ကွက် အနောက်ပိုင်းလမ်းမှာ နေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် မျိုးသီဟကျော်ဟာ မင်းကုန်း အမှတ် (၁) လေ့ကျင့်ရေးတပ်မှာ တပ်သားသစ်အဖြစ် ၂ လ ကျော်ကြာ သင်တန်းတက်နေတာဖြစ်ပါတယ်။ ဧပြီလ ၁၁ ရက်နေ့က နေထိုင်မကောင်းဖြစ်လို့ တပ်တွင်းဆေးခန်းမှာနေရင်းနဲ့ ဧပြီလ ၁၈ ရက်နေ့ ၆ နာရီခွဲ အချိန်ခန့်မှာ ဆေးခန်းရဲ့ အနောက်ဘက်သီဟိုဠ်ပင်မှာ တပ်သားသစ်တဦး ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံးနေကြောင်း အမှတ် ၁ လေ့ကျင့်ရေးတပ်က ဖောင်ကြီးရဲစခန်းကို အကြောင်းကြား လာတယ်လို့ သိရပါတယ်။ အဲဒီနောက် ဖောင်ကြီးရဲစခန်းက သွားရောက်စစ်ဆေးပြီး ဒုရဲအုပ် ရဲမင်းထွန်းက တရားလိုပြုကာ သေမှု သေခင်း ၄ / ၂၀၁၆ ဖြင့် အမှုဖွင့်ထားကြောင်း အလောင်းကို မင်္ဂလာဒုံစစ်ဆေးရုံသို့ ရင်ခွဲ စစ်ဆေးဖို့ ပို့ဆောင်ထားတယ်လို့ ဖောင်ကြီးရဲစခန်းမှသိရပါတယ်။ (သတင်းဓာတ်ပုံ - ဦးညိုထွန်း)
6 years Ago
Up