အေးမြဖြူ

January 9, 2021

အေးမြဖြူသီဆိုမှုဖြင့် နားဆင်ရမည့် “မျှော်ရတာလည်းကျွန်တော် လွမ်းရတာလည်းကျွန်တော်”သီချင်း(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရဲ့ ၇၅ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ တခေတ်တခါက ထင်ရှားတဲ့ တေးသီချင်းတွေကို အပတ်စဉ်တင်ဆက်နေပြီး ခုတပတ်မှာတော့ နာမည် ကြီးသီချင်းတပုဒ်ကို မြန်မာအိုင်ဒေါ တေးသံရှင် အေးမြဖြူက သီဆိုဖျော်ဖြေသွားခဲ့ပါတယ်။

သူသီဆိုဖျော်ဖြေတဲ့ သီချင်းကတော့ “မျှော်ရတာလည်းကျွန်တော် လွမ်းရတာ လည်းကျွန်တော်” သီချင်းဖြစ်ပြီး ဒီသီချင်းကိုတော့ တေးရေး အဆိုတော် သန်းမြတ်စိုးက ရေးဖွဲ့ခဲ့ပြီး ကိုယ်တိုင်ပဲ သီဆိုထားခဲ့တာပါ။

“အောက်မေ့ သတိရလွန်းလို့… ဆောင်းနဲ့အတူ ပြန်လာခဲ့ပါကွယ်… အချစ်ကလေးရယ်… ဆောင်းပန်းချီ… ခြုံလွှမ်းလို့ ချမ်းလှပြီကွယ်… နှင်းရည်… စိုလူးလို့ဖျန်းပက်ကျီစယ်… ဖွေးဖွေးဖြူတယ်…နှင်းကလေးတွေရယ်… သတင်းစကားပြောဖို့ ဖြစ်နိုင်ရင်တကယ်… ချစ်သူလေးထံ ပြန်လာခဲ့ဖို့ ပြောပေးပါကွယ်”

အသက် ၉ နှစ်အရွယ်လောက်ကတည်းက Starlet’s Sky – ကြယ်ကလေးတွေရဲ့ ဂီတ မိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲကတဆင့် Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်းလာခဲ့တဲ့ အေးမြဖြူဟာ ပြိုင်ပွဲဝင်ချိန်မှာ အသက် ၁၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ အသက် အငယ်ဆုံးပြိုင်ပွဲဝင် ဖြစ်လာခဲ့တာပါ။

အေးမြဖြူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Myanmar Idol Season 4 မှာတော့ တနိုင်ငံလုံးက ရွက်ပုန်းသီး မျက်နှာသစ်လူငယ်တွေ အများအပြား ပါဝင်ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ သီတင်းပတ် တပတ်ပြီးတပတ် အဆင့်ဆင့် အစွမ်းပြယှဉ်ပြိုင်မှုတွေနဲ့ နောက်ဆုံး Grand Final အဆင့်ထိ ရောက်ရှိခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း သူဟာ ဆန်းသစ်တဲ့ ကိုယ်ပိုင်သီဆိုဟန်နဲ့ သီချင်းတွေ သီဆိုရင်း အနုပညာလှုပ်ရှားမှုတွေနဲ့ ဆက်လက်လျှောက်လှမ်းနေခဲ့တာကို တွေ့ရပါတယ်။။

မြန်မာသံရော ခေတ်ပေါ်စတီရီယိုသီချင်းတွေကိုပါ ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ အေးမြဖြူက ခုတခါမှာလည်း “မျှော်ရတာလည်း ကျွန်တော် လွမ်းရတာလည်း ကျွန်တော်” သီချင်းကို သူ့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ ပီပီပြင်ပြင် သီဆိုသွားနိုင်ခဲ့တာကို ပရိသတ်တွေ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

“တကယ်ဆိုရင် ဆောင်းနဲ့အတူ… လာခဲ့ပါ ဝေးအရပ်က အချစ်ရယ်… မျှော်နေသူ အသည်းလှိုက်ဖိုရတယ်… ကြင်နာသူရယ်… တကယ်ဆိုရင် ဆောင်းနဲ့အတူ… လာခဲ့ပါ ဝေးအရပ်က အချစ်ရယ်… မျှော်နေသူ အသည်းလှိုက်ဖိုရတယ်… ကြိုနေပါမယ်… နိုဝင်ဘာမှာ လာမလား… ဒီဇင်ဘာမှာ လာမလား… ရွှေရင်ဖိုကာ တမ်းတမိတယ်… ပျော်ချင်ပါတယ် နှစ်ယောက်သား… ဇန်နဝါရီမှာလာမလား… မျှော်နေသူမှာ လွမ်းရပါတယ်”

6 months Ago

October 11, 2020

မာမာအေး သီချင်းကို အေးမြဖြူ ပိုင်ပိုင်နိုင်နိုင် ပြန်လည်သီဆိုထားသည့် “သက်တံပေါ်မှာကစားမယ်” (ရုပ်သံ)

အောက်တိုဘာလ ၁၀ ရက်နေ့က ကျင်းပတဲ့ ရွှေအက်ဖ်အမ်ရဲ့ ၁၁ နှစ်ပြည့် ဂီတဖျော်ဖြေပွဲမှာတော့ မြန်မာအိုင်ဒေါစတား တေးသံရှင် အေးမြဖြူက ဂန္ထဝင် အဆိုတော်ကြီး မာမာအေးရဲ့ သီချင်းတပုဒ်နဲ့အတူ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ “သက်တံပေါ်မှာကစားမယ်” အမည်ရတဲ့ အဆိုပါ သီချင်းကိုတော့ တေးရေး ကိုဥက္ကာက ရေးစပ်ပေးထားခဲ့ပြီး မာမာအေး သီဆိုချိန်ကတည်းက အောင်မြင်ခဲ့တဲ့ သီချင်းတပုဒ်ဖြစ်ကာ နောက်ပိုင်းမှာတော့ အဆိုတော်ပေါင်းများစွာ ပြည်လည်သီဆိုမှုနဲ့အတူ ရေပန်းစားနေဆဲ သီချင်းတပုဒ် ဖြစ်ပါတယ်။ “ခြူးပန်းခြူးနွယ် မကန်းယှက်သွယ်… ထူးဆန်းထူးတယ် တလှမ်းထက်ဝယ်… သက်တံ ပေါင်းကူးတံတား ရေးရေးပေါ်ခဲ့တယ်… ဖြူနီဝါရောင်စုံခြယ်… စူကာမရမ်းနဲ့ရယ်… ဖြူစွာပန်းနဲ့ကွယ်… ထိန်လင်းကြည်ဖွယ်… တိမ်နှင်းဆီအလှသွေးရောင်ခြယ်” အသက် ၉ နှစ်အရွယ်လောက်ကတည်းက Starlet’s Sky – ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲမှတဆင့် Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်းလာခဲ့တဲ့ အေးမြဖြူဟာ ပြိုင်ပွဲဝင်ချိန်မှာ အသက် ၁၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ အသက်အငယ်ဆုံးပြိုင်ပွဲဝင် ဖြစ်လာခဲ့တာပါ။ အေးမြဖြူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Myanmar Idol Season 4 မှာတော့ တနိုင်ငံလုံးက ရွက်ပုန်းသီး မျက်နှာသစ်လူငယ်တွေ အများအပြား ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သီတင်းပတ် တပတ်ပြီးတပတ် အဆင့်ဆင့် အစွမ်းပြယှဉ်ပြိုင်မှုတွေနဲ့ နောက်ဆုံး Grand Final အဆင့်ထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ သိပ်မကြာခင်ကလည်း သူဟာ ဆန်းသစ်တဲ့ သီဆိုဟန်နဲ့ “နော်”အမည်ရတဲ့ မြူးမြူးကြွကြွ သီချင်းတပုဒ် ထွက်ရှိထားခဲ့ပါသေးတယ်။ “ကစားမယ်… ကစားမယ်… သက်တံပေါ်မှာ ကစားမယ်… ကစားမယ်… ကစား မယ်… သက်တံပေါ်မှာ ကစားမယ်… မိုးစက်ကုန်းဝယ် တူတူပုန်းမယ်… တိမ်တိုက်တွေ ကြားက… ပြေးဆော့ကာရယ်… သက်တံဝန်ရိုးစွန်း… မိုးယွန်းယွန်းထိကွယ်… လရထား နဲ့… ကြယ်များကို စီးကာရယ်… ကစားမယ်… ကစားမယ်… သက်တံပေါ်မှာ ကစား မယ်… ကစားမယ်… ကစားမယ်… သက်တံပေါ်မှာ ကစားမယ်… ကစား… ရအောင် ကွယ်” မြန်မာသံရော ခေတ်ပေါ်စတီရီယိုသီချင်းတွေကိုပါ ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ အေးမြဖြူက ခုတခါမှာလည်း  “သက်တံပေါ်မှာ ကစားမယ်”သီချင်းကို လင်္ကာဒီပ သံစုံတေး ဂီတအဖွဲ့ရဲ့တီးခတ်ပေးမှုနဲ့အတူ သူ့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ ပီပီပြင်ပြင် သီဆိုသွားနိုင်ခဲ့တာကို ပရိသတ်တွေက ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
9 months Ago
More News
Up