အေးပက် ထုတ်ပြန်

November 22, 2020

ပြည်တွင်းလုပ်ငန်း ကာကွယ်ရေးမူဝါဒ မသုံးဟု အေပက် ထုတ်ပြန်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံပါတဲ့ အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အေပက်) ခေါင်းဆောင်တွေဟာ ပြည်တွင်းလုပ်ငန်းတွေကို ကာကွယ်တဲ့ ကုန်သွယ်ရေး မူဝါဒတွေကို အားကိုးမှာ မဟုတ်ဘူးလို့ နိုဝင်ဘာ ၂၀ မှာ ပူးတွဲကြေညာချက်ထုတ်ပြန် ပြောလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးသင့် ကမ္ဘာ့စီးပွားရေးကို ပံ့ပိုးရာမှာ ကူညီဖို့ လွတ်လပ်ပြီး ကြိုတင်မျှော်မှန်းနိုင်တဲ့ ကုန်သွယ်ရေးကို ဆောင်ရွက်ကြဖို့လည်း ဆော်သြလိုက်ပါတယ်။  လွတ်လပ် ပွင့်လင်းမျှတပြီး ခွဲခြားဖိနှိပ်မှု မပါတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် ရရှိရေးဟာ အရေးပါတယ်ဆိုတာ သူတို့ အသိအမှတ်ပြုတယ်လို့ ပူးတွဲ ထုတ်ပြန်ချက်ထဲမှာ ခေါင်းဆောင်တွေက ပြောပါတယ်။ အေပက်နိုင်ငံတွေဟာ အမေရိကန်နဲ့ တရုတ်ကြားက ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် သဘောမတူညီချက်တွေကြောင့် ၂၀၁၈ ညီလာခံမှာ သဘောတူညီချက် မရခဲ့ကြပါဘူး။ မနှစ်က ချီလီနိုင်ငံမှာ ကျင်းပမယ့် ညီလာခံဟာလည်း အကြမ်းဖက် ဆန္ဒပြပွဲတွေကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။ အခု အေပက်အွန်လိုင်းညီလာခံကို မလေးရှားက အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေး တင်းမာမှုတွေ ရှိနေဆဲလို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
5 months Ago
Up