အော်ရကယ် လုပ်ငန်းစု

September 14, 2020

တစ်တော့ခ်အပလီကေးရှင်းကို  မိုက်ကရိုဆော့ဖ် မရဘဲ အော်ရကယ်လုပ်ငန်းစုက တင်ဒါအောင်

တရုတ်နိုင်ငံက ဘိုက်ဒန့်စ်နည်းပညာကုမ္ပဏီဟာ သူ့ရဲ့ရုပ်သံဗီဒီယို အတိုလေးတွေ မျှဝေ နိုင်တဲ့ တစ်တော့ခ်အပလီကေးရှင်းကို ရောင်းရာမှာ အော်ရကယ်ကော်ပိုရေးရှင်း ဦးဆောင်တဲ့ လုပ်ငန်းစုကို တင်ဒါအောင်သူအဖြစ် ရွေးချယ်လိုက်ပါတယ်။  ပြိုင်ဘက်လေလံဆွဲသူ မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်းကို အနိုင်ရလိုက်တာလို့ ဒီကိစ္စ နဲ့ နီးကပ်သူကို ကိုးကားပြီး ရိုက်တာသတင်းဌာနက စက်တင်ဘာ ၁၄ ရက်မှာ ဖော်ပြပါတယ်။  တစ်တော့ခ်ကို အမေရိကန်စီးပွားရေးလုပ်ငန်းတွေဆီ မရောင်းရင် အမေရိကန်နိုင်ငံအတွင်း သုံးစွဲခွင့် ပိတ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရင်လက ခြိမ်းခြောက်ခဲ့တာပါ။  အဲဒီနောက် ဘိုက်ဒန့်စ်ဟာ ဝယ်မယ့် အလားအလာရှိသူတွေဆီမှာ တစ်တော့ခ် အပလီ ကေးရှင်းကို ရောင်းဖို့ ဆွေးနွေးခဲ့ပါတယ်။  အခု အရောင်းအဝယ်ဖြစ်ဖို့ကိုလည်း ဘိုက်ဒန့်စ်ဟာ အမေရိကန်နဲ့တရုတ်အစိုးရ ၂ရပ်လုံး ဆီက အတည်ပြုချက်ရဖို့ လိုပါတယ်။  အမေရိကန်နိုင်ငံအတွင်း တစ်တော့ခ်ရဲ့ လုပ်ငန်းလည်ပတ်မှုကို မိုက်ခရိုဆော့ဖ်ကို ရောင်းမှာ မဟုတ်တဲ့အကြောင်း ဘိုက်ဒန့်စ်က အကြောင်းကြားခဲ့တယ်လို့ မိုက်ခရိုဆော့ဖ်က စက်တင်ဘာ ၁၃ ရက် အစောပိုင်းမှာ ပြောခဲ့ပါတယ်။ 
1 year Ago
Up