အော်စကာရုပ်ရှင်ထူးချွန်ဆု

February 10, 2020

တောင်ကိုရီးယားရုပ်ရှင် Parasite က အကောင်းဆုံးရုပ်ရှင်အော်စကာဆုဆွတ်ခူး(ရုပ်သံ)

အခုနှစ်ရဲ့ အော်စကာရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားမှာတောင်ကိုရီးယားရုပ်ရှင် Parasite က အကောင်းဆုံးရုပ်ရှင်ဇာတ်ကားအော်စကာဆု ၄ ဆု ထူးထူးခြားခြားဆွတ်ခူးရရှိသွား ပါတယ်။ ၉၂ ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ အော်စကာရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကိုတော့ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့က Dolby Theatre မှာကျင်းပတာဖြစ်ပါတယ်။ အခုနှစ်ရဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကိုတော့ တောင်ကိုရီးယားရုပ်ရှင် Parasite က အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြောရုပ်ရှင်ဆု၊ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုတွေပါ ရရှိသွားတာပါ။ ဒီကားကိုတော့ တောင်ကိုရီးယား ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ CJEntertainment က တင်ဆက်လိုက်တာဖြစ်ပြီး ကိုရီးယား ရုပ်ရှင်ဒါရိုက်တာ Bong Joon-ho က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ Parasite ရုပ်ရှင်ဟာ နာမည်ကြီး ဟောလိဝုဒ်ရုပ်ရှင်ကားတွေဖြစ်တဲ့ “Joker” ၊ “Ford v Ferrari” ၊ “The Irishman” ၊ “Jojo Rabbit” ၊ “Little Women”၊ “Marriage Story” ၊ “1917” ၊ “Once Upon a Time in Hollywood စတဲ့ ရုပ်ရှင်ကားတွေကို ဖြတ်ကျော်ပြီး ခုလိုဆွတ်ခူး ရရှိသွားခဲ့တာပါ။ အခုနှစ်ရဲ့ အကောင်းဆုံး ဇာတ်ဆောင်သရုပ်ဆောင်ဆုတွေကိုတော့ နာမည်ကျော် ဟောလိဝုဒ်သရုပ်ဆောင်မင်းသား Joaquin Phoenix နဲ့ သရုပ်ဆောင်မင်းသမီး Renée Zellweger တို့က ဆွတ်ခူးရရှိသွားပါတယ်။ Joaquin Phoenix ဟာ နာမည်ကျော် DC Comics အခြေခံရိုက်ကူးထားတဲ့ Batman ရုပ်ရှင်ကားထဲက ဗီလိန်ဇာတ်ကောင် Joker ရုပ်ရှင်ကားမှာ ပါဝင်သရုပ် ဆောင်ခဲ့ပြီး  ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသမီး Renée Zellweger ကတော့ တခေတ်တခါက ကျော်ကြား ခဲ့တဲ့ အမေရိကန်အမျိုးသမီး သရုပ်ဆောင် အဆိုတော် Judy Garland ရဲ့ ဘဝဇာတ် ကြောင်းကို ရုပ်ရှင်အနေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ Judy ရုပ်ရှင်ကားနဲ့ ဒီဆုကို ရရှိသွား ခဲ့တာပါ။ အခုနှစ်ရဲ့ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုတွေကိုတော့ နာမည်ကျော် ဟော လိဝုဒ်သရုပ်ဆောင်မင်းသား Brad Pitt နဲ့ သရုပ်ဆောင်မင်းသမီး Laura Dern တို့က ဆွတ်ခူးရရှိသွားပါတယ်။ Brad Pitt ဟာ ဟောလိဝုဒ်နာမည်ကြီးမင်းသားတဦးဖြစ်တဲ့ Leonardo Dicaprio နဲ့အတူ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Quentin Tarantino ရိုက်ကူးတဲ့ Once Upon A Time In Hollywood ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါ တယ်။ Laura Dern ကတော့ နာမည်ကြီးသရုပ်ဆောင်မင်းသမီး Scarlett Johansson ၊ မင်းသား Adam Driver တို့နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတဲ့ Marriage Story ရုပ် ရှင်ကားနဲ့ ဒီဆုကို ရရှိသွားခဲ့တာပါ။ တခြားဆုရရှိကြသူတွေကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ Best original screenplay Winner: Parasite - Bong Joon Ho & Han Jin Won Best adapted screenplay Winner: Jojo Rabbit - Taika Waititi Best animated feature Winner: Toy Story 4 Best documentary feature Winner: American Factory Best international feature Winner: Parasite - South Korea Best original song Winner: (I'm Gonna) Love Me Again - Rocketman (Elton John & Bernie Taupin) Best original score Winner: Joker - Hildur Guðnadóttir Best cinematography Winner: 1917 - Roger Deakins Best visual effects Winner: 1917 - Guillaume Rocheron, Greg Butler & Dominic Tuohy Best film editing Winner: Ford v Ferrari - Michael McCusker & Andrew Buckland Best sound editing Winner: Ford v Ferrari - Donald Sylvester Best sound mixing Winner: 1917 - Mark Taylor & Stuart Wilson Best production design Winner: Once Upon A Time in Hollywood - Barbara Ling & Nancy Haigh Best costume design Winner: Little Women - Jacqueline Durran Best make-up and hairstyling Winner: Bombshell - Kazu Hiro, Anne Morgan & Vivian Baker Best live action short Winner: The Neighbors' Window Best animated short Hair Love Best documentary short Winner: Learning to Skateboard in a Warzone (If You're a Girl)
1 year Ago
Up