အောင်​ဇေယျ​စျေး ဗုံးကွဲမှု

June 4, 2021

ယင်းမာပင်၊ အောင်​ဇေယျ​စျေး ဗုံးကွဲမှု၌ ဒဏ်ရာရ အငြိမ်းစား ကျောင်းဆရာမ ၁ ဦး ကွယ်လွန်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-က​လေးဝ-ပုသိမ် လမ်းခွဲအနီးက ​အောင်​ဇေယျ​စျေးမှာ ဇွန်လ ၂ ရက်​ မနက်ပိုင်းကဖြစ်ပွားခဲ့တဲ့ ဗုံး​ပေါက်ကွဲမှုမှာ ဒဏ်ရာရရှိခဲ့တဲ့ ​ကျောင်းဆရာမ(ငြိမ်း) ​ဒေါ်တင်​လေးမြင့် (၆၂) နှစ်ဟာ ဇွန်လ ၃ ရက်​ မွန်းလွဲပိုင်းက သေဆုံးသွားပါတယ်။ 

​ဒေါ်တင်​လေးမြင့်ဟာ ယင်းမာပင်မြို့နယ် ​အောင်မိုး​ကျေးရွာကဖြစ်ပြီး ​ပညာ​ရေးဌာနက​နေ ပင်စင်ယူပြီး​နောက် ​အောင်​ဇေယျ​စျေးမှာ ကုန်စိမ်း​ရောင်း​နေရင်း ဗုံး​ပေါက်ကွဲမှု​​ကြောင့်ခါးမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ​ဆေးကုသ​နေစဉ်  ​သေဆုံးခဲ့တာဖြစ်ပါတယ်။

8 months Ago
Up