အောင်သပြေရွ

September 25, 2020

Channel Mandalay TV သတင်းထောက် ပြန်လည်လွတ်မြောက်

မန္တလေးတိုင်း၊ အောင်သပြေရွာမှာ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ ဖျက်သိမ်းပေးရေး ဆန္ဒပြမှုဖြစ်စဉ်ကို တိုက်ရိုက်သတင်းတင်ဆက်ခဲ့တဲ့ Channel Mandalay ရုပ်သံသတင်းထောက် ကိုအောင်ကြည်မြင့်ဟာ ထောင်ဒဏ် ၂ နှစ်ကျခံရပြီးနောက် စက်တင်ဘာ ၂၅ ရက် မနက်က မန္တလေးဗဟိုအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။
၂၀၁၉ ခုနှစ် မေလ ၁၅ ရက် နေ့က ဖြစ်ပွားခဲ့တဲ့ ဒဟတ်တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာဆန္ဒပြမှုဖြစ်စဉ်မှာ ဒေသခံတွေနဲ့ရဲတပ်ဖွဲ့ ထိပ်တိုက်ရင်ဆိုင်ပဋိပက္ခ ဖြစ်စဉ်တွေကို Channel Mandalay ကနေ တိုက်ရိုက်သတင်းလွှင့်ခဲ့တယ်လို့ဆိုပြီး သတင်းထောက် ကို‌‌အောင်ကြည်မြင့်ကို ဆန္ဒပြသူတွေနဲ့အတူဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပုဒ်မ ၅ ခုနဲ့စွဲချက်တင်ခံခဲ့ရပြီး ၂၀၂၀ ဧပြီလထဲမှာတော့ ပုသိမ်ကြီးတရားရုံးကနေ သတင်းထောက် ကို‌‌အောင်ကြည်မြင့်ကို ပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာဖြစ်တယ်။ သတင်း - ရဲနိုင်ဆွေ
8 months Ago
Up