.အောင်လအန်ဆန်

January 29, 2021

အောင်လအန်ဆန်းနှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့ ၃ ကြိမ်မြောက် ထိုးသတ်မည်

One Championship လိုက်ဟဲဗီးဝိတ်ချန်ပီယံ အောင်လအန်ဆန်းဟာ ရုရှားက ဗစ်တာလီဘစ်ဒက်ရှ်နဲ့ ဧပြီ ၂၁ ရက်နေ့ အမေရိကမှာ ထိုးသတ်သွားရမှာ ဖြစ်ပါတယ်။

ဒီပွဲဟာ ဗစ်တာလီဘစ်ဒက်ရှ်နဲ့ အောင်လတို့ရဲ့  ၃ ကြိမ်မြောက်တွေ့ဆုံမှုဖြစ်လာမှာဖြစ်ပြီး ပထမ၂ ကြိမ် တွေ့ ဆုံစဉ်က ၁ပွဲစီ အနိုင်ရခဲ့ပါတယ်။

ပထမဆုံး ပွဲစဉ်ဖြစ်တဲ့  ၂၀၁၇ ဇန်နဝါရီ ၁၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ထိုးသတ်ခဲ့ပြီး အောင်လက အမှတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။ 

အဲဒီနောက် ၂၀၁၇ ဇွန် ၃၀ ရက်မှာ ရန်ကုန်မှာ ဒုတိယအကြိမ် ပြန်လည် စိန်ခေါ် ထိုးသတ်ရာမှာတော့ အောင်လအန်ဆန်းက အမှတ်နဲ့ အနိုင်ရပြီး မစ်ဒယ်ဝိတ်ချန်ပီယံရွှေခါး ပတ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က  နယ်သာလန်နိုင်ငံသား ဒီရိုက်ဒါကို ရှုံးနိမ့်ခဲ့ပြီးနောက်  မစ်ဒယ်ဝိတ်ချန်ပီယံရွှေခါးပတ် လက်လွှတ်ခဲ့ရတဲ့ အောင်လအတွက် ဒီပွဲက အဲဒီခါးပတ်ကို ပြန်ယူနိုင်ဖို့  ပထမပွဲစဉ်ဖြစ်ပါ တယ်။

ဒီပွဲမှာ အနိုင်ရတဲ့သူကတော့ မစ်ဒယ်ဝိတ်တန်းလက်ရှိချန်ပီယံ ဒီရိုက်တာနဲ့ ရွှေးခါးပတ်လုပွဲ အတွက် ထိုးသတ်သွားရမှာ ဖြစ်ပါတယ်။ 

One Championshipဟာ ONE on TNT အမည်နဲ့ ဧပြီလအတွင်း အမေရိကမှာ ၄ ပွဲ ကျင်းပဖို့ရှိပြီး အောင်လအန်ဆန်းနဲ့ ဘစ်ဒက်ရှ် ပွဲက ONE on TNT 3 မှာ ပါဝင်ထိုးသတ်သွားမှာဖြစ်ပါတယ်။  

9 months Ago
Up