ONE Championship ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နဲ့ MMA ကစားသမား ဖိုးသော်တို့ပါဝင်တဲ့အဖွဲ့ဟာ ရန်ကုန် ရွှေပြည်သာမြို့နယ်ကို မနေ့က သွားရောက်ပြီး ကလေးငယ်တွေနဲ့ တွေ့ဆုံကာ ပညာရေးအတွက် အားပေးခဲ့ကြပါတယ်။
မြန်မာရွေ့လျားပညာရေးစီမံကိန်း(MYME ) ရဲ့အစီအစဉ်နဲ့ သွားရောက်တာ ဖြစ်ပါတယ်။
အောင်လအန်ဆန်က “ပညာရေးဟာ အရေးအကြီးဆုံးအရာဖြစ်ပြီးတော့ ပညာရေးနဲ့ ပတ်သက်ပြီး တတ်စွမ်းသလောက်လုပ်ဆောင်နေတဲ့ မြန်မာရွေ့လျားပညာရေး စီမံကိန်း(MYME project) အဖွဲ့ကိုလည်း ဒီနေ့အစီအစဉ်မှာ ပါဝင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သင်တို့ဟာ ဒီလူမှုအသိုင်းအဝိုင်းအတွက် တကယ့်သူရဲကောင်းတွေပါ”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အောက်တိုဘာ ၁၃ ရက်နေ့ကကျင်းပတဲ့ ONE Championship ပြိုင်ပွဲမှာ အောင်လအန်ဆန်က စိန်ခေါ်သူ ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာကို ဒုတိယအချီမှာ အလဲထိုး အနိုင်ရရှိခဲ့ပါတယ်။
ဓာတ်ပုံ- Poethaw
3 years Ago