အောင်ရဲလင်း

September 9, 2020

အောင်ရဲလင်း၊ နေခြည်ဦးတို့ ပါဝင်သရုပ်ဆောင်ထားသည့် ထက်ယံသီချင်းသစ်-“ချစ်လိုက်”(ရုပ်သံ)

       ပရိသတ် အချစ်တော် သရုပ်ဆောင်မင်းသားမင်းသမီး ၂ ယောက်ဖြစ်တဲ့ အောင်ရဲ လင်းနဲ့ နေခြည်ဦးတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အဆိုတော် ထက်ယံရဲ့ သီချင်းသစ် တပုဒ် ထွက်ရှိလာခဲ့ပါတယ်။        ဒီသီချင်းကတော့ ထက်ယံရဲ့ GRAVITY  လို့ အမည်ပေးထားတဲ့ မီနီစီးရီးစ်အယ်လ် ဘမ်ထဲမှာ ပါဝင်မယ့် သီချင်း ၆ပုဒ်ထဲက တပုဒ်ဖြစ်ပါတယ်။ အဲဒီထဲက “ချစ်လိုက်” ၊ “မင်းထက်နိဗ္ဗာန်ကို မလိုချင်” ၊ “ကျေနပ်လား” စတဲ့ သီ ချင်း ၃ ပုဒ်ကိုတော့ ထူးထူးခြားခြား Music Series ပုံစံဖန်တီးထားပြီး V7 Entertainment ကနေ တင်ဆက်သွားမှာ ဖြစ်ပါတယ်။        ဇာတ်လမ်းစတိုရီပုံစံ ဖန်တီးမှုတွေနဲ့ ဒီသီချင်းရုပ်သံတွေထဲမှာတော့ အောင်ရဲလင်း၊ ထက်ယံ ၊ နေခြည်ဦး ၊ လီလီကျော်ခိုင်တို့က ပါဝင်ကြမှာဖြစ်ပြီး လူငယ်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။        တကိုယ်တော်သီဆိုထားတဲ့ သီချင်းတွေအနေနဲ့ရော တခြားအဆိုတော်တွေနဲ့ ပူး ပေါင်းသီဆိုတဲ့ သီချင်းတွေနဲ့ပါ လူငယ်ပရိသတ်တွေကြား အားပေးမှုအခိုင်အမာရရှိထား တဲ့ အဆိုတော် ထက်ယံကိုတော့ ပရိသတ်တွေက “ပိုချစ်ပြလိုက်” ၊ “ပပဝတီ” ၊ “အိန်ဂျယ် တွေလို” ၊ “မ… လျှော်တယ်” ၊ “၂၀ ကျော် ရည်းစားစာ” စတဲ့ သီချင်းတွေနဲ့ သိကြပြီး ဖြစ်မှာပါ။        ရှေ့မီနောက်မီ တေးအယ်လ်ဘမ်ထဲမှာ အဆိုတော် သားသား၊ ဝါရင့်အဆိုတော် နွဲ့ ယဉ်ဝင်းတို့နဲ့ သီဆိုထားတဲ့ “မောင့်အချစ်ဦး”သီချင်းကတော့ ပိုပြီးတော့ လူသိများလာ စေခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ခဲ့ပါတယ်။        ခုအသစ်ထွက်ရှိလာတဲ့ “ချစ်လိုက်”သီချင်းထဲမှာလည်း နူးညံ့တဲ့ အချစ်အလွမ်း တေးသွားစာသားတွေနဲ့အတူ ထက်ယံရဲ့ သီဆိုသရုပ်ဆောင်မှုတွေနဲ့ ခံစားနားဆင်ကြရ မှာ ဖြစ်ပါတယ်။
8 months Ago

February 12, 2020

အောင်ရဲလင်း၊ ကောင်းပြည့်၊ ရွှေမှုန်ရတီတို့ ပါဝင်သည့် နှင်းဆီရဲတိုက်ရုပ်ရှင်(နမူနာ)

လူငယ်သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ အောင်ရဲလင်း၊ ကောင်းပြည့်၊ ရွှေမှုန်ရတီတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ နှင်းဆီရဲတိုက်ရုပ်ရှင်ကို မကြာခင်မှာ ရုံတင် ပြသသွားဖို့ ရှိနေပါတယ်။ ဒီကားကတော့ အင်ကြင်းဟန်ရဲ့ ဇာတ်လမ်းကို နေခြည်အောင်သစ်က ဇာတ်ညွှန်း ခွဲထားပေးပြီး ဒါရိုက်တာ နေပိုင်က ရိုက်ကူးပုံဖော်ပေးထားတာပါ။ ဒီကားကိုတော့ လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ၃ ပွင့်ဆိုင် အချစ်ဒရာမာဇာတ်လမ်းတပုဒ်အနေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင် ကားထဲမှာ အချစ်၊ အလွမ်း၊ ဒရာမာဇာတ်လမ်းဇာတ်ကွက်တွေ၊ အားပြိုင်မှုတွေနဲ့ ရိုက်ကူး ပုံဖော်ထားမလဲဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာပဲ ရှုစားကြရတော့မှာ ဖြစ်ပါ တယ်။ ဒီကားထဲမှာ အောင်ရဲလင်း၊ ကောင်းပြည့်၊ ရွှေမှုန်ရတီတို့နဲ့အတူ ဝါရင့်သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ရဲအောင်၊ မို့မို့မြင့်အောင်တို့နဲ့ တခြားသရုပ်ဆောင်တွေ လည်း ပါဝင်ထားကြတာပါ။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါ တယ်။ ဒီကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ ကြေငြာထားပါတယ်။
1 year Ago
Up