အောင်မြေသာစံ

January 29, 2022

အောင်မြေသာစံမြို့နယ်ရှိ ဘီယာဆိုင် ၂ ဆိုင်တွင် ဗုံးပေါက်ကွဲ၊ မီးပုလင်းပစ်ခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ  ဘီယာဆိုင် ၂ ဆိုင်မှာ ဇန်နဝါရီ ၂၈ ရက် ည ၇ နာရီခွဲကျော်လောက်က  ဗုံးပေါက်ကွဲမှုနဲ့ မီးပုလင်းပစ်ခံရမှုတို့ ဖြစ်ခဲ့ပါတယ်။

အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၈၇ လမ်း၊ ၁၂ လမ်းနဲ့ ၁၄ လမ်းကြားရှိ ရွှေလီထွန်း ဘီယာဆိုင်ရှေ့မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး လူထိခိုက်တာနဲ့ အဆောက်အဦ ထိခိုက်ပျက်စီးတာတော့ မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ ၂၂ လမ်း၊ ၈၉ လမ်းနဲ့ လမ်း ၉၀ ကြားရှိ DAGON STAR ဘီယာဆိုင်အရှေ့မှာလည်း မီးပုလင်းတစ်လုံးကွဲခဲ့ပြီး ဆိုင်ကယ်တစ်စီး အနည်းငယ်မီးစွဲလောင်ခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်တဲ့ ဆိုင်နဲ့ မီးပုလင်းကွဲမှုဖြစ်တဲ့ဆိုင်တွေဟာ စစ်ကောင်စီဒေါက်တိုင် Myanmar ဘီယာနဲ့ ဒဂုံဘီယာ ရောင်းချတဲ့ဆိုင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

1 year Ago

January 12, 2022

အောင်မြေသာစံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်၊ ဒုအရာခံဗိုလ်တစ်ဦး ဒဏ်ရာရ

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ လမ်း ၈၀၊ ၉ လမ်းနဲ့ ၁၀ လမ်းကြားရှိ အမရဌာနီအ​နောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဇန်နဝါရီ ၁၂ ရက် မနက် ၈ နာရီဝန်းကျင်က လက်လုပ်မိုင်းကွဲခဲ့ပါတယ်။

လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် လုံခြုံရေးတာဝန်ကျ ဒုအရာခံဗိုလ်တဦး နဖူးပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ရုံးအဆောက်အဦ အမိုးတချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

ရပ်ကွက်နေပြည်သူတဦးက “မနက်က ဗုံးသံကြားလိုက်ရတာ အစက ရဲစခန်းမှာလို့ ထင်တာ။ နောက်မှ ရပ်ကွက်ရုံးမှာ ကွဲတာမှန်းသိတာ။ ရပ်ကွက်ရုံးနဲ့ အမှတ် ၄ ရဲစခန်းက နီးတယ်။ လုံခြုံရေး စစ်သားတယောက် နဖူးကွဲသွားတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မနက် ၁၀ နာရီလောက်ကလည်း မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အ​နောက်ရပ်ကွက် အုပ်ချုပ်​​ရေးရုံး လက်လုပ်ဗုံးနဲ့ ပစ်ခံရပြီး ပေါက်ကွဲမှုမဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

1 year Ago
More News
Up