အောင်မြေနင်း

A d v e r t i s e m e n t With Us

October 30, 2020

ဒီမိုကရေစီစနစ်တွင် အခွင့်အရေးကိုအကြမ်းဖက်နည်းလမ်းဖြင့် တောင်းဆို၍မရနိုင်ဟု ကာချုပ်ပြော

ဒီမိုကရေစီစနစ်မှာ  အခွင့်အရေးကို အကြမ်းဖက်တဲ့နည်းလမ်းနဲ့ တောင်းဆိုလို့ ရနိုင်မှာမဟုတ်ဘဲ နည်းလမ်းစနစ်တကျနဲ့ တောင်းဆိုရမှာဖြစ်ပြီး တရားဥပဒေစိုးမိုးမှုကို ထိပါးစေတဲ့ အပြုအမူတွေကို ရှောင်ရှားရမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ အောက်တိုဘာ ၂၉ ရက် မနက်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ရွှေဘိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုတွေကို တွေ့ဆုံအမှာစကားပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ အဆိုပါ တွေ့ဆုံပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နိုင်ငံတော်မှာ စည်းလုံးညီညွတ်မှုအားနည်းတာနဲ့  မိမိထက် ခေတ်မီပြီး အင်အားကြီးတဲ့ နယ်ချဲ့တွေရဲ့ ကျူးကျော်မှုကြောင့် လွတ်လပ်ရေး ဆုံးရှုံး ခဲ့ရကြောင်း၊ နိုင်ငံတစ်နိုင်ငံမှာ လွတ်လပ် ရေးဆုံးရှုံးတာထက် ကြီးမားတဲ့ ဆုံးရှုံးမှု မရှိတာကြောင့် မိမိတို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် လက်ရှိ ပစ္စုပ္ပန်မှာ ရှိနေသူတွေက ထိန်းသိမ်း စောင့်ရှောက်ဖို့ အပြည့်အဝတာဝန်ရှိကြောင်း” ပြောပါတယ်။ လက်ရှိအချိန်မှာ မိမိတို့နိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်လျှောက်လှမ်းနေပြီဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာမှာ စည်းကမ်းစနစ်တကျနဲ့ ဆောင်ရွက်ဖို့လိုမှာဖြစ်ပြီး ပညာတတ်တွေလည်း ပေါကြွယ်၀ရန်အရေးကြီးကြောင်း၊ အသိပညာမြင့်မားမှသာလျင် ဆင်ခြင်တုံတရားနဲ့ ထိန်းသိမ်းဆောင်ရွက်နိုင်မှာဖြစ်ပြီး စည်းကမ်းပြည့်၀တဲ့ ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်မှာ ဖြစ်ကြောင်းပြောပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဖြတ်သန်းလာတဲ့ အစိုးရသက်တမ်း နှစ်ဆက်ကာလအတွင်း တွေ့ကြုံခဲ့ရသည်များကို သင်ခန်းစာယူကာ ချိန်ထိုးစဉ်းစားရွေးချယ်ကြစေလိုကြောင်း၊ နိုင်ငံတိုင်းသည် ၎င်းတို့နိုင်ငံ တိုးတက်ရေးအတွက် တည်ဆောက်လျက်ရှိသည့်အတွက် မိမိဒေသနှင့် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည့်သူ၊ နိုင်ငံတကာနှင့် ပေါင်းသင်းဆက်ဆံမှု ကောင်းမွန် ပြီး မှန်မှန်ကန်ကန်ဖြင့် ဦးစီးဦးဆောင်နိုင်သူများကို ဆင်ခြင်တုံတရားဖြင့် ရွေးချယ်ကြရ မည်ဖြစ်ကြောင်း” ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု မြင့်တက်နေတာကြောင့် အရာရှိ၊ စစ်သည်၊ မိသားစုတွေ အားလုံးအနေနဲ့ ကြိုတင်ကာကွယ်မှုတွေကို ထိထိရောက်ရောက်ဆောင်ရွက်ကြစေလိုကြောင်းနဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဖို့လည်းတိုက်တွန်းသွားပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အဖွဲ့ဝင်တွေဟာ ရွှေဘိုမြို့ရှိ ရွှေဘုံရတနာမင်္ဂလာနန်းတော်သို့ သွားရောက်ပြီး မြေနန်း တော်ဆောင်၊ သီဟာသနပလ္လင်တော်၊ နန်းမပြာသာဒ်ဆောင်၊ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ကြေးရုပ်တု တို့ကို သွားရောက်ကြည့်ရှုလေ့လာခဲ့တယ်လို့ တပ်မတော်သတင်းမှာဖော်ပြပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရွှေဘုံရတနာမင်္ဂလာနန်းတော်ကို လာရောက်စဉ်မှာ အောင်မြေကျောင်းတိုက်သို့ သွားရောက် အောင်မြေနင်းခဲ့တယ်လို့ ဒေသခံ  ဂေါပကအဖွဲ့ ထံကနေ သိရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ယာဉ်တန်း ရွှေဘိုမြို့တွင်း ဖြတ်သန်းသွားချိန် ဈေးရှေ့နားမှာ  အန်အယ်လ်ဒီပါတီ အားပေးထောက်ခံဝန်းရံသူတွေက လမ်းဘေးမှာ စီတန်းပြီး အောင်နိုင်ရေးသီချင်းတွေဖွင့်ကာ အလံတွေဝှေ့ယမ်း နှုတ်ဆက်ခဲ့ကြပါတယ်။ ဓာတ်ပုံ-DSINFO
3 months Ago

October 29, 2020

ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် ရွှေဘိုတွင် အောင်မြေနင်း

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အောက်တိုဘာ ၂၉ ရက်မနက်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ အောင်မြေဘုရားဖူးပြီး အောင်‌မြေနင်းခဲ့တယ်လို့  ဒေသခံ ဂေါပက အဖွဲ့ထံက သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရွှေဘုံရတနာမင်္ဂလာနန်းတော်ကို မနက် ၁၀ နာရီ လောက်က ရောက်ရှိလာပြီး အဲဒီကတဆင့် အောင်မြေကျောင်းတိုက်သို့ သွားရောက် အောင်မြေ နင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၅ အောက်တိုဘာ ၂၂ ရက်နေ့ကလည်း သမ္မတ ဟောင်း ဦးသိန်းစိန်နဲ့အတူ အောင်မြေနင်းခဲ့ပြီး အခုဒုတိယအကြိမ်လာရောက်ခဲ့တာဖြစ်ပါတယ်။ အလားတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်​အောင်ဆန်းစုကြည်ဟာလည်း  ၂၀၂၀ မတ်လ ၁၁ ရက်နေ့က ရွှေဘိုမှာ  လူထုတွေ့ဆုံပွဲအပြီး အောင်မြေနင်းခဲ့တယ်လို့ ဧည့်မှတ်တမ်းအရသိရှိရပါတယ်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျဟာ စစ်တိုက်ထွက်တဲ့အခါတိုင်း အောင်မြေနင်းပြီးမှ ထွက်လေ့ရှိတယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။ ချိုသဲကြည်  
3 months Ago
Up