အောင်မြင်မှုရခဲ့

A d v e r t i s e m e n t With Us

August 11, 2020

နည်းပြလမ်းပတ်၏ ပွဲဦးထွက်ရာသီ အောင်မြင်မှုရခဲ့ဟု ချဲလ်ဆီးဥက္ကဋ္ဌ ချီးကျူး

နည်းပြလမ်းပတ်ဟာ သူ့ရဲ့ ပွဲဦးထွက်ရာသီမှာပဲ အောင်မြင်မှုရရှိအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ချဲလ်ဆီးအသင်းဥက္ကဋ္ဌက ချီးကျူးလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့ပေမယ့် နည်းပြလမ်းပတ်ရဲ့  ပွဲဦးထွက်ရာသီဟာ အလွန်အောင်မြင်မှုရခဲ့တယ်လို့ အသင်းဥက္ကဋ္ဌက သုံးသပ်ပါတယ်။  အက်ဖ်အေဖလား ရယူနိုင်ခဲ့မယ်ဆိုရင်တော့ ပိုမိုပျော်ရွှင်ရနိုင်ပေမယ့်လည်း အဆင့် ၄ နဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့တာက နည်းပြလမ်းပတ်အတွက် အောင်မြင်မှုဖြစ်ခဲ့တယ်လို့ အသင်းဥက္ကဋ္ဌ ဘရုဘက်ခ်က ပြောပါတယ်။  ချဲလ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းအတွက် တီမိုဝါနာနဲ့ ဇီယက်ချ်တို့ကို ခေါ်ယူထားပြီး   အသင်းအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန် ဖြစ်တယ်လို့ အသင်းဥက္ကဋ္ဌ ဘရုဘက်ခ်က သုံးသပ်လိုက်တာ ဖြစ်ပါတယ်။
7 months Ago
Up