အောင်မြင်စွာမွေ

November 1, 2020

ဝိုင်းမော်ဆေးရုံတွင် သုံးမြွှာပူး အောင်မြင်စွာမွေးဖွား

ကချင်ပြည်နယ်၊ ဝိုင်းမော်ဆေးရုံမှာ အောက်တိုဘာ ၃၁ ရက် သီတင်းကျွတ် လပြည့်နေ့က သုံးမြွှာပူးကလေး အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့တယ်လို့ ဝိုင်းမော်ပြည်သူ့ဆေးရုံကနေ သိရပါတယ်။  ဝိုင်းမော်၊ ဝူယန်ကျေးရွာမှ လီဆူတိုင်းရင်းသား အဖ ဦးလယ်လူး၊ အမိ ဒေါ်မာလာမီး က ၆ ယောက်မြောက်ကိုယ်ဝန်အဖြစ် သားယောကျ်ားလေး သုံးမွှာပူးကို ရိုးရိုးဓမ္မတာ နည်းနဲ့ အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့တာပါ။  ကလေးတွေကပေါင်ပြည့်ပြီး ကျန်းမာနေပေမယ့် မိခင်မှာ အသည်းရောင်အသားဝါ C ပိုး ရှိနေတာကြောင့် အသည်းရောင်ကာကွယ်ဆေးအကောင်းစားထိုးနှံတာနဲ့ မိခင်အားရောဂါကုသတာတို့ကို ဆက်လက်လုပ်ဆောင်သွားရမယ်လို့ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာ သိန်းမြို့ကပြောပါတယ်။ လက်ရှိ ဝိုင်းမော်မြို့မှာ အသည်းရောင်အသားဝါရောဂါ အခမဲ့ကုသရေး အစီအစဉ်မရှိသေးသောကြောင့် အသည်းဖောင်ဒေးရှင်းတွေနဲ့ ချိတ်ဆက်ကာ‌ ဆက်လက်ကုသရမှာဖြစ်သလို မိခင်နို့မလုံလောက်တာကြောင့် နို့မှုန့်ဝယ်တိုက်ရမှာဖြစ်လို့ မိသားစုဝင်တွေအတွက် အခက်အခဲရှိနိုင်တယ်လို့ ပြောပါတယ်။  ဝိုင်းမော်မြို့နယ်ပြည်သူ့ဆေးရုံမှာ  သုံးမြွှာပူးကို ရိုးရိုးဓမ္မတာနည်းနဲ့ မွေးတာက ပထမဆုံး ဖြစ်တယ်လို့ ‌သိရပါတယ်။  ဇုန်းကျန်း
1 year Ago
Up