အောင်မင်္ဂလာဘိုးတော်ကျောင်းတိုက်

March 26, 2021

သီပေါမြို့ရောက် စစ်ဘေးရှောင်များကို ငွေနှင့်စားသောက်ကုန်များလှူဒါန်း

သီပေါမြို့၊ အောင်မင်္ဂလာဘိုးတော်ကျောင်းတိုက်မှာ  ရောက်ရှိခိုလှုံနေတဲ့ စစ်ဘေးရှောင် ၁၀၀ ကျော်အတွက် အလှူရှင်တွေက ငွေအပါအဝင် စားသောက်ကုန်နဲ့ တကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းတွေ လှူဒါန်းခဲ့ကြပါတယ်။

မတ် ၂၅ ရက်နေ့မှာ နှလုံးသားပရဟိတအဖွဲ့သားတွေက သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။

ဆွန်လုံအုပ်စု ပန်ခါးနဲ့နားလုံကြား ပစ်ခတ်တိုက်ခိုက်တာတွေဖြစ်နေလို့ အိမ်ထောင်စု ၄၀ လောက်က လူဦးရေ ၁၀၀ ကျော် သီပေါမြို့ပေါ်ကို တိမ်းရှောင်လာတာပါ။

8 months Ago
Up