အောင်ဘာလေသိန်းဆု

December 1, 2020

(၂၂)ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆုကို (ဂ) ၄၇၇၄၀၆ နံပတ် ဆွတ်ခူး

ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မနက်က  ရန်ကုန်မြို့၊ ပန်းဆိုးတန်းရှိ အောင်ဘာလေသိန်းဆုဌာနမှာ ပြုလုပ်ခဲ့တဲ့ (၂၂) ကြိမ်မြောက် ကျပ် ၁၀၀၀ တန်  အောင်ဘာလေသိန်းဆု ဖွင့်ပွဲမှာ အမြင့်ဆုံးကျပ်သိန်းတစ်သောင်းခွဲဆုကို   (ဂ)၄၇၇၄၀၆  နံပတ်က ဆွတ်ခူးရရှိသွားပါတယ်။ ကျပ်သိန်းတစ်သောင်းဆုကိုတော့  (ကဂ)၁၉၉၃၆၂ နဲ့ ကျပ်သိန်း ငါးထောင်တန်ဆု ကြီးတွေကိုတော့ (ဟ)၆၇၂၈၃၅ နဲ့(ကက)၂၅၉၉၃၄ တို့က ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲ့ဒီနောက် တခြားဆုမဲအသီးသီးကိုလည်း မဲနှိုက်ရွေးချယ်ခဲ့ပါတယ်။ (၂၂) ကြိမ်မြောက်ထီဖွင့်ပွဲမှာ “က” အက္ခရာကနေ “ကဆ”ထိ စုစုပေါင်းအက္ခရာ ၄၀ လုံးထီစာအုပ် ၃၂၇၂၇၂၀ အုပ် ရောင်းချခဲ့ရာမှာ ကုန်စင်အောင် ရောင်းချနိုင်ခဲ့ပါတယ်။ ဒါကြောင့်ဝယ်လိုအား မြင့်တက်ခဲ့တဲ့အတွက် အရန်ထီ အက္ခရာ "ကဇ" တစ်လုံး ထီစာအုပ် ၈၁၈၁၈ အုပ်ကိုလည်း ထပ်မံရောင်းချခဲ့ပါတယ်။ အခုလိုရောင်းချရငွေထဲက ၆၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ်ခွဲဝေချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။ သတင်း-ချမ်းမြေ့မောင်
4 months Ago
Up