အောင်ဘာလေထီလက်မှတ်

December 16, 2020

အောင်ဘာလေထီလက်မှတ်များ အရောင်ပြောင်းလဲမည်  

ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်ရောင်းချမယ့်  အောင်ဘာလေထီလက်မှတ်တွေကို အရောင်ပြောင်းလဲ ရိုက်နှိပ်ထားတယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲက အသိပေးထုတ်ပြန်ထား ပါတယ်။ ထီစာအုပ်တွေမှာ လုံခြုံမှု အရည်အသွေး ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ချက်နဲ့ ထီလက်မှတ်တွေရဲ့ အောက်ခံအရောင်ကို အစိမ်းနုရောင်နဲ့ ရိုက်နှိပ်ဆောင်ရွက်ထားတာဖြစ်တယ်လို့ သိရပါတယ်။ အောင်ဘာလေသိန်းဆုဌာနခွဲ ညွှန်ကြားရေးမှူး ဦးညီညီလှိုင်က "လုံခြုံရေးနဲ့ဆိုင်တဲ့ ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံးကနေပြီးတော့မှ ထုတ်လုပ်တဲ့ထီလက်မှတ်တွေကို အရောင်ပြောင်းထားတယ်ဆိုတာကို ကျနော်တို့ကို အကြောင်းကြားလာတာ။ ဒါကြောင့် ထီကံစမ်းတဲ့သူတွေ ဇဝေဇဝါဖြစ်မှာစိုးလို့ ကျနော်တို့က ကြေညာပေးတာ"လို့ ပြောပါတယ်။ ဒီလို အောက်ခံအရောင်ပြောင်းလဲ ရိုက်နှိပ်ထားတဲ့ ထီလက်မှတ်တွေကို လာမယ့်နှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာ ရောင်းချမယ့် ထီလက်မှတ်တွေအတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။ သတင်း - စိုးချစ်ချစ်ပိုင်
4 months Ago
Up